အချစ်စေစားရာ အပိုင်း (25)

146 7 0
                                    

"......"

သူတိုက်ခန်းထဲခြေချလိုက်သည်နှင့် ကုတ်ကို ဆိုဖာပေါ်အသာပစ်တင်လိုက်သည်။ ပြီးနောက် လည်စည်းကို ဆွဲဖြုတ်ရင်း အပေါ်ထပ်ကို အကြည့်ရောက်သွားတော့ မျက်မှောင်ကြုတ်လိုက်သည်။
သူထိုကောင်လေးကိုမမြင်ချင်တော့ပါ...။

"....."

တံခါးကိုဖွင့်ကြည့်မိတော့ ကုတင်ပေါ်ဆောင်ခြုံအိပ်နေသည့်သူကြောင့် သူဒေါသအနည်းငယ်ထွက်ရသည်။ ဒီလောက်ရိုက်နှက်တာတောင် တွယ်ကပ်ချင်နေသေးသည်တဲ့...။

"မင်းရယူ..."

"!!!.."

သူ့အသံကြောင့် တုန်ယင်သွားသည့်ကိုယ်လေးကို သက်ပြင်းချကာပင်ကြည့်နေလိုက်သည်။ တကယ်တမ်းသူဒီလိုလုပ်စရာမလို...။ သူ့ဂုဏ်ကိုသွားထိပါးမှာဆိုးလို့သာ ဒီလိုလုပ်နေရခြင်းဖြစ်သည်။

"ဘယ်အချိန်ထိဒီလိုနေနေမှာလဲ... မငြီးငွေ့ဘူးလား..."

"....."

လှုပ်ရှားလာသည့်ကိုယ်လေးနားသို့သူသွားကာ ဘေးတွင်အသာထိုင်လိုက်သည်။ ဘာလို့လုပ်ရက်တာလဲ မေးရင်သူမသိဘူး။ အဲ့ကောင်လေးသာ မိန်းကလေးဆိုရင် သူဒီလိုဖြစ်ချင်မှဖြစ်နေမှာ....။

"ဟင့်.. အင်း..."

တိုးလျလျဆိုလာသည့် အသံလေးကြောင့် သူ့ရင်ဘတ်အနည်းငယ်တင်းကြပ်သွားရသည်။ သူ မိုးမနီရာ ကိုမချစ်ပါ။ သဘောကျရုံသာဖြစ်ပါသည်။ သူ့မိခင်ကို ရွဲ့ချင်လို့သာ သူမကိုဂရုစိုက်ပြနေတာ....။

"ဘာလို့လဲကွာ...  ကိုယ်က ငယ့်အပေါ်လက်ပါတယ်လေ..."

ဆောင်လေးကိုလုံးကာ မင်းရယူ ကိုယ်လေးကို သူ့ရင်ခွင်ထဲထည့်ထားလိုက်သည်။ ဒီကောင်လေးက တခြားသူတွေနဲ့မတူဘူးဆိုတာ သူဝန်ခံရပါမည်။

"င... ငယ်... ကတော့...  ချစ်တယ်..."

သူ့ရင်ခွင်ကနေ ခေါင်းအသာမော့ကြည့်သည့် ကောင်လေး...။ ညိုမည်းနေသည့်ဘယ်ဘက်ပါးဟာ နည်းနည်းအကျည်းတန်နေသာ်လည်း လှပပါသေးသည်။
ပြီးနောက် မျက်ဝန်းနက်နက်တွေဆီမှ မျက်ရည်စလေးတွေ....။

"ကိုကို......"

တုန်ယင်အဖျားခတ်နေသည့် အသံလေးနောက်မှာ ဘုန်းသွေးသျှံ ခပ်ရေးရေးပြုံးလိုက်သည်။ ဒီလိုပုံစံလေးကိုသူသိပ်သဘောကျလွန်းသည်။
မျက်ရည်စတွေကို လက်မနှင့်အသာဖယ်ရင်း နဖူး၊ ပါး ၊ နှာဖျား၊ မှေးရိုး၊ ကွဲအက်နေသည့် နှုတ်ခမ်းသားအဆုံး သူဖွဖွအနမ်းခြွေသည်။

အချစ်စေစားရာWhere stories live. Discover now