အချစ်စေစားရာ အပိုင်း (13)

146 9 0
                                    

"Happy Wedding"

ဆိုင်အပြင်အဆင်ကသိပ်ကိုဆန်းသစ်ပြီး ကျယ်ပြန့်ကြီးမားသည့် ဆိုင်တစ်ခု..။ မင်္ဂလာဝတ်စုံပေါင်းများစွာ ဒီဇိုင်းမျိုးစုံရနိုင်သော ထိုဆိုင်သည် အမျိုးသမီးတိုင်း၏အိမ်မက်တွေကိုစုစည်းထားပုံရသည်။

"နီနီ.."

"ရှင်....ကိုသျှံ.."

"နီနီ ဘာအရောင်ကြိုက်လဲ .."

သိပ်လှသည့် ဝတ်စုံတွေကြားမေးလာသည့် ကိုသျှံ ကိုသူမအသာပြုံးပြလိုက်သည်။ ကိုယ့်အကြိုက်ကို ဦးစားပေးသည့်ထိုအမျိုးသားကို သူမပိုလို့သဘောကျရသည်။

"နီနီ ကရောင်ဖျော့ဖျော့လေးတွေဆိုကြိုက်တယ်.. ဒါမဲ့ မင်္ဂလာဝတ်စုံကိုတော့ အဖြူရောင်ကိုဘဲရွေးချင်တယ်.."

သူတို့က ချစ်သူရည်းစားအဆင့်ကိုကျော်ပြီး တန်းမင်္ဂလာဆောင်ရမည်ဆိုရင်တောင် သူမစိတ်မကွက်မိ..။ အတူတူဖြတ်သန်းရမဲ့တစ်လျှောက်လုံးမှာ သူတို့အချိန်အများကြီးရပါသေးသည်။ ပြီးတော့ သူတို့ဟာ သူစိမ်းလုံးလုံးကြီးလည်းမဟုတ်ဘူးလေ..။

"အင်း. ကိုယ်လည်း အဖြူကိုဘဲသဘောကျတာ.. နီနီ နဲ့ဆိုသိပ်ကိုလှမှာ.."

မျက်ဝန်းကို စိုက်ကြည့်ကာပြောလာသည့်ထိုအမျိုးသားကို သူမရှက်ပြုံးလေးနှင့်သာ အဖြေပြန်ပေးလိုက်မိသည်။

"ပန်းစည်းကိုရော နီနီ ဘာပန်းလေးယူချင်လဲ.."

"နီနီ ကတော့ အဖြူရောင်လီလီပန်းဘဲလိုချင်တယ်.. အလားကျစ်ဖြစ်စေနိုင်တယ်ဆိုရင်တောင် နီနီကအဲ့ပန်းကိုအရမ်းကြိုက်တာမို့လို့..."

"ကောင်းပြီလေ .. ကိုယ်တို့ မင်္ဂလာဆောင်ပြီးရင် ကိုယ်နီနီ့ကို လီလီပန်းခင်းကြီးတစ်ခုလက်ဆောင်ပေးမယ်.."

"တကယ်လားဟင်... နီနီ့ အတွက်စိုက်ပေးမှာလား ကိုသျှံ.."

သူမ၏ တလက်လက်တောက်သွားသည့် မျက်ဝန်းတွေကိုခပ်ရေးရေးပြုံးရင်းကြည့်နေလိုက်သည်။

"နီနီ့ အတွက်ဆို.. ကိုယ်ကမလုပ်ဖူးတာတွေလည်းအကုန်လုပ်ပေးနိုင်တာမို့လို့... ကိုယ့်ကိုယုံလို့ရပါတယ် နီနီ.."

အချစ်စေစားရာWhere stories live. Discover now