"အို... နီနီလေးဘဲ...."
သူမ အိမ်ထဲဝင်လိုက်သည်နှင့် သူမကိုအပြုံးနှင့်ကြိုဆိုသည့် ဒေါ်လျာစိန်ကြောင့် သူမလည်း ပြုံးလိုက်မိသည်။
"ဟုတ်ကဲ့ နီနီ.. ဒီကိုလာလည်တာပါ..."
"သားသွေးသျှံ ကော?..."
"သူကအလုပ်မှာပါ နောက်မှလိုက်လာခဲ့မယ်ဆိုလို့ လာနှင့်လိုက်တာ..."
"အို ... ဒီကလေးကတော့လေ..... မိန်းမကိုတစ်ယောက်တည်းလွှတ်ရလား..."
သူ့လက်ကိုအသာကိုင်ကာ ထိုင်စေသည့် ယောက္ခမကိုသူမဖော်ရွေစွာပြုံးပြလိုက်သည်။ ပြီးနောက်ပါလာသည့် လက်ဆောင်ပစ္စည်းတွေကို အသာပေးလိုက်သည်။
"ဒါနဲ့.. နီနီ ဒီကိုလာတာ မေးစရာရှိလို့ဆို... မေးလေ..."
"အာ... ဟုတ်ကဲ့... အဲ့ဒါကလေ...."
သူမအားနာသလိုလိုနှင့် ဒေါ်လျာစိန်ကိုတစ်ချက်ကြည့်လိုက်သည်။ ဒီလိုမေးတာ မယဉ်ကျေးရာကျသွားမလား သူမစိုးရိမ်သည်။ သို့သော်လည်း သူမသိရမှဖြစ်မည်။
"ဟို... ကိုသျှံ .. သူငယ်ချင်းလေ... သူတို့ခင်တာအရမ်းကြာပြီလား..."
"ဘယ်ကသူငယ်ချင်းလဲ..."
"မင်္ဂလာပွဲမှာပန်းစည်းရသွားတဲ့သူလေ..."
"!!...."
ဒေါ်လျာစိန် ၏ တောင့်တင်းသွားသည့် မျက်နှာထာကြောင့် သူမသံသယတွေအနည်းငယ်စတင်လာသည်။
"အော်... အဲ့တစ်ယောက်လား... သူတို့ခင်တာ သိပ်မကြာသေးဘူးထင်တယ်... မာမီလည်း သိပ်မတွေ့ဖူးဘူး ဘာဖြစ်လို့လဲ..."
"အာ... လက်ဆောင်ပေးလိုက်လို့လေ... ပြီးတော့ နည်းနည်းထူးဆန်းသလိုပြုမှုနေလို မေးကြည့်တာ..."
"နီနီ သူနဲ့တွေ့ခဲ့သေးတာလား..."
မသိမသာတွန့်ချိုထားသည့်မျက်ခုံးတန်းတွေအောက်မှာ မလုံလဲမှုတစ်ချို့ကို သူမခံစားနေရသည်။
"တွေ့ခဲ့တယ်... ပြီးတော့ ဒါလေးပေးလိုက်တယ်လေ..."
"!!....."
အစိမ်းရင့်ရင့် ခြုံလွှာလေးကို တွေ့လိုက်သည့်နောက်မှာ ဒေါ်လျာစိန် မျက်နှာပျက်သွားရသည်။ တစ်ခုခုကိုစဉ်းစားဟန်ပြီးတော့မှ သူ့ကိုပြုံးပြုံးနှင့်လှည့်ကြည့်သည်။
YOU ARE READING
အချစ်စေစားရာ
Aktuelle Literaturခေါင်းစဉ်မှာအတိုင်း အချစ်စေစားရာမှာ လူတွေပျော်ရွှင်စွာအဆုံးသတ်နိုင်မလားဆိုတာ.....။