"ဝှီး!!! ဖောက်!!!..."
"အား!!!.... အား!!!..."
မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည့် မီးသီးသေးသေးလေးအောက်မှ ဂိုဒေါင်ခန်းလေးတစ်ခု...။ ချောမွတ်သည့် အင်္ဂတေပေါ်မှ နီရဲရဲသွေးစတွေကမြင်မကောင်း...။
"အ့!!....."
တုန်ယင်နေသည့် ဒူးတွေဟာ သွေးတွေအပြည့်နှင့်။
ဘေးမှာတော့ ဂေါက်တံကိုကိုင်ထားသည့် အရပ်မြင့်မြင့် တက်တူးအပြည့်နှင့် လူတစ်ဦး...။ သူဟာ ပါးပေါ်ကသွေးစက်တွေကို အသာသုတ်လိုက်ပြီး စီးကရက်တစ်ခုကိုကိုက်ခဲထားသည်။"ငါ့အကြောင်း စုံစမ်းရအောင်... အဲ့လောက်လွယ်တယ်ထင်နေတာလား..."
အရှေ့ ခပ်လှမ်းလှမ်းမှ ဝတ်စုံဖြူနှင့်ကောင်လေးတစ်ဦးက အေးစက်စက်ဆိုလာသည်။ ဆံသားကောက်ကောက်တွေဟာ အနည်းငယ် ဖရိုဖရဲဖြစ်နေသလို လည်တိုင်ဖြူဥဥပေါ်မှာ နီရဲရဲ အမှတ်သားတစ်ခုက ထင်းနေသည်။
"ဒေါ်လျာစိန် .. ဟုတ်တယ်မလား..."
ကျွန်းနှင့် ကတ္တိဘာရောစပ်ပြုလုပ်ထားသည့် ထိုင်ခုံပေါ် အသာမှီချရင်း ဟန်ပါပါပြောလိုက်သည့် ထိုကောင်လေးဟာ ငယ်ရွယ်သော်လည်း အကြောက်တရားမရှိသလိုပင်...။
"မ!... မ!... သိဘူး!!..."
"ဖောက်!!..."
"အားးး!!!!!"
သွေးတွေစင်ထွက်သည်အထိ ရိုက်နှက်ခံရသည့် ပေါင်နှစ်ဖက်...။ အသံကုန်အော်နေသည့် ထိုလူကို မင်းရယူ စိတ်ပျက်လာသည်။ ဒီလောက်ရိုက်နှက်တာကိုတောင် နှုတ်ပိတ်နေနိုင်သေးသည်ကို အံ့ဩသည်။
"ကိုထွန်း ကိုယ်ဝန်ဆောင်မိန်းမနဲ့ သားတစ်ယောက်ရှိတယ်... ပြီးတော့ မသန်စွမ်း ညီမလည်းရှိသေးတယ်"
"!!!!???..."
တုန်လှုပ်စွာသူ့ကိုမော့ကြည့်လာသည့် ထိုလူကို မင်းရယူ မျက်နှာလွဲလိုက်ကာ ခပ်မဲ့မဲ့ပြုံးလိုက်သည်။ အားနည်းချက်ကို ရှာဖွေရတာ သူ့အတွက်အလွယ်လေး....။
"အဆင်ပြေပါတယ်... သူတို့ကိုပါ.. ဒီလို..!..."
"မလုပ်နဲ့!!.. ငါ့ကိုဘဲသတ်လိုက်!!.. "
YOU ARE READING
အချစ်စေစားရာ
General Fictionခေါင်းစဉ်မှာအတိုင်း အချစ်စေစားရာမှာ လူတွေပျော်ရွှင်စွာအဆုံးသတ်နိုင်မလားဆိုတာ.....။