ချစ်နေရခြင်းကသာ ကိုယ့်အတွက် သိပ်ကိုအဖိုးမဖြတ်နိုင်သည့် ဆုလာဘ်တစ်ခုမဟုတ်ပေဘူးလား.....။ ချစ်ခွင့်မရတော့တဲ့အခါ သူဘာများပြောလို့ရနိုင်မည်နည်း။
“.....”
ပန်းနုရောင်ဖိတ်စာလေးနှင့် သိပ်ကိုလှပစွာရောက်လာသည့် အမျိုးသမီးကို သူမကြိုဆိုဘူးလို့ ပြောထွက်မည်တဲ့လား..။ ကိုယ်ချစ်ရတဲ့သူရဲ့ချစ်သူကိုချစ်ပေးဖို့လောက်ထိ သူသဘောထားမကြီးနိုင်၊ သဘောထားမကြီးပေးနိုင်ပေ..။
အိမ်ရှေ့ ခုံးတန်းလေးပေါ်ထိုင်ကာ ပြောလာသည့်သူမ..။“နင် ကိုသျှံ ကိုဘယ်လိုမြင်လဲ ..”
သူ့အမြင်ကိုမေးလာသည့် မျက်နှာချင်းဆိုင်ဆိုဖာပေါ်မှသူမကို ပြန်မော့ကြည့်လိုက်သည်။ သူ့ကိုတောက်ပစွာကြည့်နေသည့် အမျိုးသမီးကြောင့် ရင်နာရသည်။ သူ့ကိုမှ ဘာလို့ဒီမေးခွန်းမေးရသနည်း။ သူကအရမ်းဟန်ဆောင်ကောင်းလို့ တကယ်မသိတာလား..။
“ဘယ်သိမှာလဲ.. ငါနဲ့ပေါင်းတဲ့သူမှမဟုတ်တာ..."
“နင်ကလည်း... ဒီအတိုင်းခန့်မှန်းကြည့်လေ.. နင့်အမြင်လေး ငါသိချင်လို့..”
“နင်နဲ့ပေါင်းမှာလေ ငါ့အမြင်ကအရေးကြီးလို့လား...”
“အရေးကြီးတာပေါ့.. နင်ကငါ့သူငယ်ချင်းလေ .. သူ့ကိုဘယ်လိုမြင်လဲငါသိချင်တာပေါ့..”
အလျော့မပေးတတ်သည့်သူမကြောင့် သူထပ်ငြင်းရင်လည်း တစ်မျိုးမြင်တော့မည်။ ဒါကသူ့ကိုဘယ်လောက်နာကျင်စေလဲဆိုတာသာ သူမသိရင်..။
“အင်း.. ငါ့အမြင်ပြောရရင် မဆိုးပါဘူး... နင်နဲ့အတော်လိုက်ဖက်တယ်..”
အမှန်ဘဲလေ..။ သူတို့ဟာ လူတွေအမြင်မှာ သိပ်ကိုလိုက်ဖက်နတ်ဖက်တဲ့စုံတွဲတွေဘဲမလား ။ သူမနာလိုရအောင်ကို သိပ်ကိုလိုက်ဖက်လွန်းနေသည်။
“ဟုတ်တယ်မလား .. ငါလည်း အဲ့လိုဘဲတွေးမိပါတယ်...”
ရှက်ပြုံးနှင့် ပြောလာသည့် သူမကြောင့် တံခွန် အော်ရယ်ပစ်လိုက်ချင်ပါသည်။ ဒါကို ငါကဘာလို့ အနာကျင်ခံပြီး နားထောင်ပေးနေရမှာလဲ ။
YOU ARE READING
အချစ်စေစားရာ
General Fictionခေါင်းစဉ်မှာအတိုင်း အချစ်စေစားရာမှာ လူတွေပျော်ရွှင်စွာအဆုံးသတ်နိုင်မလားဆိုတာ.....။