မိုးရာသီမကုန်သေးတာမို့လို့ ကောင်းကင်ဟာ အုံ့မှိုင်းကာ လမ်းဆွေးအေးချမ်းစေသည်။ သို့သော် လမ်းမထက်မှ အမျိုးသမီးတစ်ဦးမှာတော့ ခြေဦးတည်ရာလျှောက်သွားနေသည်လား...။ သူမပုခုံးမှာတော့ အစိမ်းရင့်ရင့် ခြုံပုဝါကို သေသပ်စွာပင်ခြုံထားသည်။
မျက်ဝန်းမှာ တော့ နီဆွေးကာ နာကျင်ရိပ်တွေနှင့်...။"!!...."
တံခွန် အမှိုက်အိတ်ကို သယ်ကာအပြင်ထွက်လာတော့ မျက်ဝန်းတောင့်က ပုံရိပ်ကြောင့် သူအသာလှည့်ကြည့်လိုက်သည်။ သူ့မျက်ခုံးတန်းတွေအသာတွန့်ချိုသွားရပြီး လက်ထဲမှ အမှိုက်အိတ်လည်း အနည်းငယ်ပြေလျော့သွားရသည်။
သူမရဲ့ ညိုးငယ်သည့် မျက်ဝန်းနှင့် ဆုံလာသည့်နောက်မှာ အမှိုက်အိတ်ကို အသာပစ်ထည့်လိုက်သည်။ သူ့ရင်တွေတစ်စတစ်စပူလာသည်။ စိုးရိမ်စိတ်ဟာ အတားဆီးမဲ့လာသည်။"မနီရာ?... "
သူ့ခြေလှမ်းတွေဟာ မြန်ဆန်လာပြီး မျက်ခုံးတွေဟာတွန့်သထပ်တွန့်လို့...။ မနီရာ ကိုကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည့် လူတစ်ချို့ကို အကြောင်းမရှိ သူဒေါသထွက်လာသည်။
"....."
မနီရာ ခြုံထားသည့် ထိုအစိမ်းရင့်ရင့်ခြုံပုဝါကို ဆွဲချွတ်လိုက်ပြီး ကျရာမှာ လွင့်ပစ်လိုက်မိသည်။ ဒါဟာ သူ့အမျိုးသားဖောက်ပြန်နေပါသည်ဆိုသည့်သဘောဘဲမဟုတ်လား...။
"ငါ ဂရုစိုက်ဖို့ပြောခဲ့တယ်လေ မနီရာ...."
ပုခုံးကိုအသာကိုင်ကာပြောတော့ သူ့ကို မော့ကြည့်သည့်မျက်ဝန်းကမျက်ရည်စတွေနှင့်...။ စေ့ပိတ်ထားသည့် နှုတ်ခမ်းသားတွေဟာ နီရဲနေသည့် ဆိုးဆေးတွေနှင့်..။ သူလုံးဝသဘောမကျပါ...။
"ငါ......"
တုန်ယင်နေသည့် သူမ၏နှုတ်ခမ်းသားပေါ်ကနှုတ်ခမ်းနီတွေကို သူလက်မနှင့် ဖိကာသုတ်လိုက်မိသည်။ ကာမပိုင် မိန်းမတစ်ယောက်ကို သူဒီလိုထိတွေ့နေတာရိုင်းရာကျသော်လည်း သူမဟာ သူ၏သူငယ်ချင်း၊ သူချစ်ရသည့်သူ...။
"ဘာမှမဖြစ်ဘူး... ငါရှိတယ် မနီရာ..."
သူ့ရင်ခွင်ထဲပြိုကျလာသည့် သူမကိုယ်လေးကို သူအသာအယာထိန်းထားလိုက်သည်။ သူတစ်နေ့ဒီလိုဖြစ်လာမယ်ဆိုတာကို သိနေပေမဲ့လည်း ... ကြိုမတားစီးနိုင်ခဲ့ပေ။
YOU ARE READING
အချစ်စေစားရာ
Ficción Generalခေါင်းစဉ်မှာအတိုင်း အချစ်စေစားရာမှာ လူတွေပျော်ရွှင်စွာအဆုံးသတ်နိုင်မလားဆိုတာ.....။