"ဒီလိုလိုက်သွားနေလို့ရော ဖြစ်မလား မနီရာ...."
စားဖိုမှူးဝတ်စုံနှင့်ကောင်လေးတစ်ဦးဟာ သူ့အရှေ့မှ သိပ်လှသည့်အမျိုးသမီးတစ်ဦးကို ကြည့်ကာပြောနေသည်။ သို့သော်လည်း သူမဟာ အအေးခွက်ကိုသာအရသာခံသောက်ရင်း တည်ငြိမ်နေခဲ့သည်။
"ဘာကြောက်စရာရှိလို့လဲ တံခွန်... ငါ့မှာ ကလေးရှိနေသရွေ့ ငါအဆင်ပြေမှာပါ..."
"သူ့ကိုအခုထိယုံသေးတာလား မနီရာ?... သူက အဲ့လိုလူတစ်ယောက်ဖြစ်နေခဲ့တာတောင်လေ..."
မျက်ခုံးကြုတ်ကာပြောနေသော်လည်း သူချစ်ရသူက တည်ငြိမ်နေသည်ကိုတော့ တံခွန် အတော်အံ့ဩမိသည်။
"ငါသူ့ကို မယုံတော့ပါဘူး တံခွန်... အခုသူ့ကုမ္ပဏီကလည်း တဖြည်းဖြည်းကျဆင်းနေပြီး... "
"အဲ့ဒါလေးကို မင်းကကျေနပ်နေတာလား မနီရာ..."
"ဟင့်အင်း... ဘယ်ကျေနပ်မှာလဲ..."
သူမဟာ ခုံပေါ်အသာမှီချလိုက်ပြီး လက်ကိုဟန်ပါပါပိုက်ထားလိုက်သည်။ နီရဲရဲနှုနတ်ခမ်းပါးနှင့် စုစည်းထားသည့် ဆံသားတွေဟာ သူမကအရင်ကလိုမဟုတ်တော့ကြောင်း အထင်အရှားပြနေခဲ့သည်။
"သူ့ကို မိန်းမအားကိုးနဲ့နေနေရပြီး အသုံးမကျဆုံး ယောင်္ကျားသားဆိုတဲ့ ဂုဏ်အောက်မှာ အသက်ရှင်ခိုင်းမလို့..."
"ဟမ်း?...."
"ကိုဘုန်းသွေးသျှံ ကသူ့သိက္ခာကိုသိပ်တန်ဖိုးထားတာလေ... အဲ့တော့.. ကလေးရှိနေသရွေ့ ငါ့မှာနိုင်ကွက်တွေအများကြီး ရှိတယ် တံခွန်...."
"အဲ့ဒါက အဲ့ဒါ... မင်း စီးပွါးရေးသမားတွေကြားထဲ ကြာကြာကစားနိုင်မယ်ထင်လား... မင်းအန္တရာယ်ကြားထဲကိုခုန်ဆင်းနေတာဘဲ မနီရာ..."
သူ့မျက်ခုံးတွေထိစပ်မတတ်ပြောနေခဲ့သော်လည်း သူမဟာ သူ့ကိုခပ်ငေးငေးသာကြည့်လာသည်။ သူမ ဒီလောက်ထိအေးစက်သွားလိမ့်မယ်လို့ သူတကယ်အထင်ထား...။
"သူတောင် အဲ့လိုလုပ်ရက်တာဘဲ ... ငါကဘာလို့မလုပ်ရဲရမှာလဲ တံခွန်.... ငါ့ကို ဟိုးအစကတည်းက အသုံးချခဲ့တာလေ... ဒီအတိုင်း ကွာရှင်းကျေအေးမပေးနိုင်ဘူး..."
YOU ARE READING
အချစ်စေစားရာ
Ficción Generalခေါင်းစဉ်မှာအတိုင်း အချစ်စေစားရာမှာ လူတွေပျော်ရွှင်စွာအဆုံးသတ်နိုင်မလားဆိုတာ.....။