"ဂလု! ဂလု!...."
ဖန်ခွက်ကိုင်ထားသည့်လက်ချာင်းလေးတွေဟာ အနည်းငယ်အဆစ်အချိုးမညီသော်လည်းရှည်သွယ်သည်။ ဖန်ခွက်နှင့်ထိကပ်ထားသည့် နှုတ်ခမ်းမှာ နှုတ်ခမ်းမွေးရေးရေးလေးလည်း နေရာယူနေသည်။
ဝါကျင့်ကျင့် ဝီစကီကို အရသာခံနေသည့် ထိုအမျိုးသားဟာ မျက်ဝန်းတွေမှိတ်ချကာ မှိန်းမောနေလျက်...။" အာ.... ဘယ်အချိန်သောက်သောက်အရသာကအကောင်းဆုံးဘဲ...."
ဦးကောင်းဇုန် ကနှုတ်ခမ်းလေးကွေးရုံပြုံးကာပြောလာသည်။ ဒေါ်လျာစိန်မှာတော့ မျက်နှာချင်းဆိုင်မှာသာ အပြုံးနှင့် ကျော့ကျော့လေးထိုင်နေသည်။
"ဆိုတော့... ဟန်နီ ကဘာလို့အသိမပေးရတာလဲ..."
အေးစက်စက်မျက်ဝန်းတွေ ဒေါ်လျာစိန်ထံရောက်လာသည့်နောက်မှာ သူမပြာပြာသလဲဖြစ်သွားရသည်။
"အာ... ကျွန်မအသိပေးမလို့လုပ်နေတုန်း ကိုကောင်းကပြန်လာတာလေရှင်... အသိပေးဖို့အချိန်ရှိပါ့တော့မလား..."
သူမရယ်ကျဲကျဲပြောလိုက်သည်က ဦးကောင်းဇုန် ကတော့မျက်နှာသေနှင့်သာ ကြည့်နေသည်။ ပြီးနောက်မှ ခေါင်းတစ်ချက်ငြိမ့်ကာထောက်ခံသည်။
"ဟုတ်မှာပါ... သျှံ က ကိုယ့်အကူညီလိုနေမယ်ထင်လို့... ပြန်လာတာ..."
"သေချာပေါက်ပေါ့... သားက ကိုကောင်း ကြောင့်ဒီအထိရောက်လာတာလေ.. အခုပြဿနာကလည်းရှုပ်ထွေးလာမှာဆိုတော့... ကိုကောင်း ကသာဖြေရှင်းနိုင်မှာ..."
သူမဂုဏ်ယူစွာပြောလိုက်သည်ကို ဦးကောင်းဇုန် ကခပ်ဟဟရယ်ရင်း ပြုံးနေသည်။
"ကိုယ်က အလကားတော့ ဖြေရှင်းမပေးနိုင်ဘူးလေ..."
"အဲ့ဒါတော့မပူပါနဲ့... ပြဿနာကတကယ့်အလှလေးလေရှင်..."
ဦးကောင်းဇုန် မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး အကြည့်တွေက လင်းလက်လာသည်။
"အို... ဆိုစမ်းပါဦး.... ဘယ်အရာက သျှံ ရဲ့လမ်းမှာပိတ်နေတာလဲ....."
ဒေါ်လျာစိန်က ကျေနပ်စွာပြုံးလိုက်ပြီး ဦးကောင်းဇုန် ၏အနားသို့လျှောက်လာကာ ဘေးတွင်ထိုင်လိုက်သည်။ ပြီးနောက် ဦးကောင်းဇုန် ၏လက်မောင်းကို အသာချိတ်ပြီး နူးညံ့စွာပြောသည်။
YOU ARE READING
အချစ်စေစားရာ
Aktuelle Literaturခေါင်းစဉ်မှာအတိုင်း အချစ်စေစားရာမှာ လူတွေပျော်ရွှင်စွာအဆုံးသတ်နိုင်မလားဆိုတာ.....။