"ဘယ်လိုရောက်လာတာလဲ ဟမ်း!.."
လူတွေနောက်ကွယ်မှာ အတင်းဆွဲခေါ်လာသည့်ထိုလူကို မင်းရယူ နားမလည်မှုတွေနှင့်ကြည့်နေရသည်။
"ဘာလို့လဲ!... ကျွန်တော်သာမလာရင် ကိုကိုဒီအတိုင်းဘဲဖုံးကွယ်ထားဦးမှာမလား!..."
တုန်ယင်နေသည့်သူ့အသံကို သူမထိန်းခဲ့မိ..။ ကိုကို့လုပ်ရပ်ကို သူသိပ်ခံပြင်းနေမိသည်။
"ဘာလို့ဆို ဒါကကိုယ်တို့အတွက်အရေးမကြီးတဲ့ကိစ္စမို့လို့ဘဲ..."
"အရေးမကြီးဘူး?... အခုကျွန်တော်က အငယ်အနှောင်းဖြစ်သွားရတာလေ!!..."
သူ့ရဲ့အော်ငေါက်သံကြောင့် ကိုကို ဟာနေမထိထိုင်မသာနှင့် ကြောက်လန့်တကြား သူ့နှုတ်ခမ်းကိုလှမ်းပိတ်သည်။
"ဘယ်ကိုလာပြီး အော်ငေါက်နေရတာလဲ ငယ်!..."
ပေါက်ကြားသွားမှာဆိုးသည့်ပုံစံနှင့်ပြောလာသည့် ထိုလူကြောင့် မင်းရယူ ပိုလို့ဒေါသထွက်ရသည်။
စေ့စပ်ထားတယ်ဆိုရင်တောင် သူ့မှာဒီလောက်ဖြစ်နေရတာ အခုလက်ပါထပ်လိုက်တယ်ဆိုတော့.... သူဘယ်လိုဘယ်ပုံနဲ့များနေရတော့မှာလဲ..။"စေ့စပ်ထားတာဘဲဆို?... ဘာလို့ကျွန်တော့်ကိုချစ်ရင် စေ့စပ်ပွဲကိုမဖျက်ရတာလဲ! အခု!.... အခု ကိုကို သူ့ကိုတောင်လက်ထပ်လိုက်သေးတယ်!!..."
စို့နှစ်နေသည့်သူ့အသံနောက်မှာ မျက်ရည်စတွေကိုသူထိန်းထားရသည်။ ကိုကို သူ့ကိုဘဲလက်ထပ်မယ်လို့သူတွေးထားခဲ့တာလေ...။ သူအမြဲတမ်းဆုံးရှုံးမှာကိုကြောက်နေခဲ့ရတာလေ...။ ဘာလို့ဒီလိုမျိုးနည်းနဲ့ သူ့အပေါ်လုပ်ရက်ရတာလဲ...။
"ဒီမှာငယ်!... နားထောင်ဦး!.. ကိုယ်က သူ့ကိုစီးပွါးရေးအရဘဲလက်ထပ်တာ... တခြားဘာမှမရှိဘူးငယ်ရဲ့..."
သူ့ပါးကိုအုပ်ကိုင်လာသည့် ကိုကိုဟာ နူးညံ့စွာဆိုလာသည်။ လိမ်သည့်အမှုအရာကိုရှာမတွေ့သည်အထိ အစ်ကိုဟာ သိပ်ကိုပြောတတ်လွန်းသည်။
"စီးပွါးရေးအရဆိုရင်တောင် ကိုကိုငြင်းရမယ်လေ!... ကိုကို ကျွန်တော့်ကိုမချစ်ဘူးလား!..."
"ချစ်တာပေါ့... ကိုယ် ငယ့်ကိုဘဲချစ်တာပါကွာ... ကိုယ့်ကိုယုံပေးပါနော် ငယ်..."
YOU ARE READING
အချစ်စေစားရာ
Ficción Generalခေါင်းစဉ်မှာအတိုင်း အချစ်စေစားရာမှာ လူတွေပျော်ရွှင်စွာအဆုံးသတ်နိုင်မလားဆိုတာ.....။