"တီး!!... တီး!!.... တီး!!...."
စက်သံဟာ ငြီးငွေ့စရာကောင်းလောက်အောင်ပင် အဆက်မပြတ်ကြားနေရသည်။ ထို့အတူ ရင်ခုန်စွာကြည့်နေရသည့် မျဉ်းတန်းလေးတွေ...။
ထိုဆေးရုံခန်းထဲတွင် ဆေးရုံဝတ်စုံနှင့်အမျိုးသားတစ်ဦးဟာ ကုတင်ပေါ်မှ အမျိုးသမီးကိုခပ်ငေးငေးစိုက်ကြည့်နေသည်။"......."
ဆေးပိုက်တွေနှင့် ဖြူလျော့နေသည့် အမျိုးသမီး ကိုသူစောင့်မျှော်နေရတာ ၂ရက်တော့ရှိပါတော့မည်။ သို့သော် ဘာမှထူးခြားမလာသေး...။
".........."
ဒီအတိုင်း ဘာကလွဲမှားခဲ့လဲ ဆိုတာစဉ်းစားရင်း စောင့်မြဲစောင့်နေရသည်။
"......... "
စက်သံဟာ နားထဲကျယ်လောင်စွာထွက်လာသည်။ မိမိအသက်ရှုသံကိုတောင် ကြားရသည်အထိ တိတ်ဆိတ်နေသည့် ထိုနေရာ...။ အသိရှိလာသည်နှင့် ဗိုက်ဆီမှ နာကျင်မှုကို ခံစားလာရသည်။
တဖြည်းဖြည်းနာကျင်လာမှုကြောင့် မျက်ဝန်းလေးကိုအားယူ ဖွင့်လိုက်ရသည်။ လေးလံသည့် မျက်ခွံတွေဖွင့်သွားသည့်နောက်မှ လင်းကျင်းသည့် မီးရောင်ဟာ မျက်ရည်ကျစေသည်အထိ စူးရှစွာဝင်ရောက်သည်။"!......"
အဖြူရောင်မျက်နှာကျက်ကို မှုန်ဝါးဝါးကနေ ကြည်လင်သည်အထိ ပုတ်ခတ်ကြည့်ရင်း ဘေးဘက်မှအရိပ်ဆီ အကြည့်ရောက်သွားသည်။
"......."
သူ့ကို ငေးစိုက်ကြည့်နေသည့် အမျိုးသားတစ်ဦးကိုမြင်လိုက်ရသည်။ ထိုအမျိုးသားဟာ ဘာမှမဆိုဘဲ သူ့ကိုဒီအတိုင်းသာ ငေးကြည့်နေသည်။
"တံခွန်?......""........."
တံခွန်ဟာ သူ့ကို ဘာမှပြန်မဖြေဘဲ တစ်ဖက်သို့ ငြင်သာစွာအကြည့်လွဲလိုက်သည်။ သူမ လှုပ်ရှားလိုက်သည်နှင့် နာကျင်လာသည့်အောက်ပိုင်းကြောင့် သူမအလန့်တကြားဖြစ်သွားရသည်။
ကလေး?... ကလေးတစ်ခုခုဖြစ်သွားလား...။" က... လေး.... ဘယ်လိုလဲ တံခွန်...."
တံခွန်ဟာ သူမကိုလှည့်မကြည့်...။ ထိုတစ်ဖက်သို့သာမျက်နှာသေနှင့် စိုက်ကြည့်နေသည်။ ဒါကဘာသဘောလဲ။
YOU ARE READING
အချစ်စေစားရာ
General Fictionခေါင်းစဉ်မှာအတိုင်း အချစ်စေစားရာမှာ လူတွေပျော်ရွှင်စွာအဆုံးသတ်နိုင်မလားဆိုတာ.....။