"အစ်ကို.. ကျွန်တော် ထောပတ်သီးစားချင်တယ်..."
ထောပတ်သီးကိုတစ်ဖက် ပန်းကိတ်ကိုတစ်ဖက်ကိုင်ကာပြောလာသည့်ထိုကောင်လေးကို ဘုန်းသွေးသျှံ ခေါင်းခါကာပင်သက်ပြင်းချလိုက်သည်။
"ခုဏကတင် ထောပတ်သီးဖျော်ရည်သောက်လာတာလေ.. အချိုတွေစားတာများနေပြီ .."
"ဒီတစ်ခါတည်းပါ အစ်ကိုရဲ့.. ထောပတ်ကမချိုပါဘူး.."
ပါးနှစ်ဖက်ဖောင်းအောင် ပန်းကိတ်စားနေတာတောင် ထောပတ်သီးကိုလက်ညိုးထိုးနေတုန်းပင်။
"မချိုဘူး.. ပျားရည်နဲ့စားရတာလေ... တော်ပြီ.. နောက်တစ်ခါမှကျွေးမယ်..."
လိမ္မော်သီးရွေးရင်းပြောလိုက်တော့ ထိုကောင်လေးက နှုတ်ခမ်းဆူကာသူ့ကိုကြည့်လာသည်။
"ဟင့်အင်း... အခုဘဲစားချင်တာကို... နော်.. ကိုကို..."
"...."
ကျောက်ပတ်တီးစည်းထားလို့သာပေါ့.. မဟုတ်ရင် ထိုကောင်လေး ခြေဆောင့်ကာပြောနေနိုင်သည်။ သူအသာပြုံးလိုက်ပြီး ထောပတ်သီးတစ်လုံးကိုမသိမသာအိတ်ထဲထည့်လိုက်သည်။
"ဒီအတိုင်းဘဲစားရမယ် .. ကြားလား..."
"အွန်း အွန်း..."
ညီညာသည့်သွားတန်းလေးတွေနှင့်ပြုံးလာသည့်ထိုကောင်လေးနောက် သူလည်းပြုံးလိုက်မိသည်။ ထိုကောင်လေးဟာ တကယ်ကိုဖြူစင်ပြီး ချစ်စရာကောင်းလွန်းသည်။ ဒါကြောင့်သူအသေအချာ ဉထားရမည်။
"သေချာစားလေ.. ပေကုန်ပြီ..."
"ဟီး..ဟီး... ဟုတ်.."
ပန်းနုရောင်နှုတ်ခမ်းဘေးမှ ခရင်ခ်တွေကို လက်မနှင့်အသာသုတ်လိုက်ပြီး အရသာခံလိုက်သည်။ တကယ်ကိုဘဲ ထိုကောင်လေး၏နှုတ်ခမ်းနှင့်ထိသမျှအရာတွေက ချိုတတ်သည်လား။
သူ့ကို ပါးရဲရဲလေးနှင့်ကြည့်နေသည့် ထိုကောင်လေး၏မျက်ဝန်းကြောင့် သဘောတကျပြုံးလိုက်မိသည်။
အရုပ်သစ်က သိပ်ကိုအရသာရှိမည့်ပုံပင်....။အချစ်က မျက်ကန်းဖြစ်စေတယ်တဲ့။
ကျွန်တော်ယုံပါသည်။ ကျွန်တော်သာ အစ်ကိုနဲ့ရှိနေရင် အစ်ကို့ကိုလွဲပြီး ဘယ်သူ့ကိုမှမမြင်နိုင်တော့...။ တစ်ခါတလေအေးစက်စက်စကားသံတွေကိုတောင် သူသံစဉ်တစ်ခုလိုနားထောင်နေတတ်ပြီ....။ သူသီချင်းတွေမကြိုက်ပါ.. သို့သော် သူသီချင်းတွေခံစားလို့တတ်နေခဲ့ပြီ...။ အစ်ကို့ရဲ့ မဲ့ပြုံးလေးတွေကအစ သိပ်ကိုမြတ်နိုးရတဲ့ ပန်းချီကားတစ်ချပ်လို ငေးကြည့်ချင်တော့သည်။
YOU ARE READING
အချစ်စေစားရာ
Ficción Generalခေါင်းစဉ်မှာအတိုင်း အချစ်စေစားရာမှာ လူတွေပျော်ရွှင်စွာအဆုံးသတ်နိုင်မလားဆိုတာ.....။