"ဘယ်လိုလဲ... ဦးငယ်...."
ရုံးခန်းထဲဝင်လာသည့် တူဖြစ်သူကို ဒီးဒေါင်း တစ်ချက်လေးမော့ကြည့်လိုက်သည်။ ပြီးနောက်မှာတော့ မာမိုရီ ချပ်ပြားနှင့် စာရွက်စာတမ်းဆီကိုသာအကြည့်ပြန်ပို့လိုက်သည်။
"ဘုန်းသွေးသျှံ ရဲ့နောက်ကြောင်းကို သိရပြီ ..."
"အင်း... ကျေးဇူးပါ ဦးငယ်..."
ဆိုဖာပေါ်ဟန်ပါပါထိုင်လိုက်သည့် သူ့တူကို သူပြန်လှည့်ကြည့်လိုက်သေးသည်။ မျက်လုံးတွေနီဆွေးနေပြီး ငိုထားသည့် အရိပ်ယောင်တွေနှင့်...။ ဒီဒုက္ခတွေကြားလက်ပစ်ကူးနေတာ မမောသေးဘူးလား...။
"ဘုန်းသွေးသျှံ ရဲ့အဖေက ဦးကောင်းဇုန် မဟုတ်ဘူး... သူ့ပထွေးဘဲ ရယူ..."
"သူ့ပထွေး?...."
"အင်း... သူ့အသက် 18 နှစ်မှာ သူ့အမေက ဦးကောင်းဇုန်ကိုလက်ထပ်လိုက်တာလေ..."
စာဖိုင်ကို ယူကြည့်နေသည့် တူဖြစ်သူကို သူအကဲခတ်နေသည်။ ထိုချပ်ပြားလေးကို သူပေးသင့်မပေးသင့်လည်း စဉ်းစားနေရသည်။ဒီလောက်ထိတောင် ဖြစ်နေပြီကို... ဒါကိုသာထပ်တွေ့လိုက်ရင်...။
"ဘာက ဖုံးကွယ်စရာရှိနေတာလဲ..."
"ရယူ...."
"!!....."
သူ့ကို တည်ငြိမ်စွာခေါ်လာသည့် ဦးဒီးဒေါင်း ကိုသူအသာမော့ကြည့်လိုက်သည်။ သူ့ကိုကြည့်နေသည့်မျက်ဝန်းတွေကတစ်ခုခုကိုအသိပေးချင်သလိုပင်။
"ဘာဖြစ်လို့လဲ...."
"သေချာလား....."
"ဘာကို ပြောချင်တာလဲ ဦးငယ်..."
သူထပ်ပြီး မေးလိုက်သော်လည်း ဦးဒီဒေါင်း ဟာချပ်ပြားကိုအသာဆုပ်ကိုင်ပြီး သူ့ကိုခပ်ငေးငေးကြည့်နေသည်။ ပြီးနောက်မှာတော့ ကွန်ပျူတာနှင့် ချိတ်ကာပင်ဖွင့်ပြလာသည်။
"စိတ်ကိုပြင်ဆင်ထား...."
သူ့ဘက်မလှည့်ခင် ပြောလာသည့် ဦးဒီးဒေါင်း စကားကိုသူကြောင်အစွာကြည့်နေမိတုန်းပင်။ ဘာကဒီလောက်အထိ လုပ်ဖို့လိုရတာလဲ...။
"......."
ဦးဒီးဒေါင်း ဟာသက်ပြင်းချကာပင်သူ့ထံသို့ ကွန်ပျူတာကိုလှည့်ကြည့်စေသည်။ သူကလည်း ပေါ်လာသည့် အကြောင်းအရာတစ်ချို့ကို လိုက်ကြည့်နေရင်း ရင်ထိတ်နေရသည်။
မြင်နေရသည့် ကိုကို့၏ ငယ်ရွယ်ပုံလေးဟာလည်း သူ့ရင်ကိုအေးမြစေသလိုပင်..။
YOU ARE READING
အချစ်စေစားရာ
General Fictionခေါင်းစဉ်မှာအတိုင်း အချစ်စေစားရာမှာ လူတွေပျော်ရွှင်စွာအဆုံးသတ်နိုင်မလားဆိုတာ.....။