ဖွဲဖွဲရွာနေသည့် မိုးရေစက်တွေအောက်မှ ဆိုင်ခန်းမသေးမကြီးလေး..။ ပတ်လည်မှ ကမုန်းပင်တွေ ပန်းပင်တွေကိုညီညာစွာစီထားသည်က တကယ်ကိုလူမြင်တင့်တယ်စေသည်။ မိုးခိုသူတွေနှင့် ညစာစားသူတွေကတော့ အတော်အသင့်ရှိနေပါသေးသည်။
ဆည်းဆာလေးကတော့ တိမ်ညိုတိမ်မည်းတွေကြားမှာပျောက်ကွယ်သွားခဲ့ပြီ..။"ဟဲ့ရေ.. အဲဒါ ကိုတံခွန်ရဲ့ကောင်မလေးလားမသိဘူးနော်..."
"အေးဟယ်.. ငါလည်းအဲ့ဒါသိချင်နေတာ.."
ကောင်မလေးတွေ၏တီးတိုပြောနေသံကို တစ်စတစ်စကြားနေရသည့် "စည်" တစ်ယောက် အာလူးအခွံခွါနေရာကနေ စားပွဲဝိုင်းတွေကို ဝေ့ဝဲကြည့်လိုက်သည်။ ဆိုင်ထောင့်ဝိုင်းလေးမှာ သိပ်ကိုထင်းပေါ်နေသည့် မိန်းမလှလေးတစ်ဦး။ ဆိုင်အပြင်အဆင်နှင့် မလိုက်ဖက်စွာ ကြည့်လိုက်သည်နှင့်အဆင့်အတန်းကိုတန်းသိနိုင်သည့်ရုပ်ရည်မျိုး..။ အရှေ့မှာတော့ စားဖိုမှူးဝတ်စုံနှင့် ကောင်လေးတစ်ဦး ... ။
"ကိုတံခွန် ပြုံးနေလိုက်တာနော်.."
"အင်း.. သူမက အရမ်းလှတာကိုး .. ငါတို့ယှဉ်နိုင်စရာအကြောင်းကိုမရှိဘူး .."
"အဲ့ဒါတော့ ..ဟုတ်တယ်..."
"ကဲ.. ကောင်မလေးတို့.. ရော့.. အလုပ်ကိုအာရုံစိုက်တော့.."
ဟင်းဗန်းလေးကိုအသာချကာ သူမျက်ခုံးကြုတ်ရင်းပြောလိုက်သည်။ ဒီလိုမျိုး စကားများတာဖြစ်နေကျဆိုသော်လည်း သူဒီနေ့ စိတ်နည်းနည်းလေး ဆတ်ချင်နေသည်။ ဘာကြောင့်လဲ သူမသိ။ စားဖိုမှူးတစ်ယောက်လျော့ပြီး အလုပ်များတာကိုစိတ်မကြည်တာလား။ နဂိုကတည်းကလားဆိုတာ သူတကယ်မသိတော့ပေ။
"...."
နောက်ဟင်းပွဲအတွက် ချက်ရန် အသီးအရွက်တွေကို ရေခဲသေတ္တာကနေထုတ်ရင်း ထိုဝိုင်းကိုတစ်ချက်အကြည့်ရောက်သွားသေးသည်။ ညိုးမှောင်နေသည့် မျက်နှာက အခုတော့ ခရမ်းချဉ်သီးလိုဖြစ်လို့ရယ်...။ သိပ်ကိုအပြောင်းလဲမြန်သည်။
သူ့ကိစ္စမဟုတ်ပါဘူးလေ....။သက်ပြင်းချကာပင် ထိုအသစ်အရွက်တွေကို ရေဆေးလိုက်တော့သည်။
YOU ARE READING
အချစ်စေစားရာ
General Fictionခေါင်းစဉ်မှာအတိုင်း အချစ်စေစားရာမှာ လူတွေပျော်ရွှင်စွာအဆုံးသတ်နိုင်မလားဆိုတာ.....။