ဆိုင်သေးလေး၏ တောင့်တစ်နေရာ... ။
အထက်တန်းဆန်ဆန်အမျိုးသမီးနှင့် စားဖိုမှူးဝတ်စုံ အမျိုးသားတစ်ဦး...။"အဲ့တော့ ဘယ်လိုဖြစ်သွားလဲ..."
မနီရာ ဟာကော်ဖီခွက်ကို အသာအရသာခံလိုက်ပြီး ပြုံးလာသည်။ သူမ ဟိုနေ့ကနှင့်မတူ စိတ်ပေါ့ပါးနေဟန်ရှိသည်။ ဟိုလူ ဘာတွေများ ရိုက်သွင်းလိုက်ပြီလဲ။
"ကိုသျှံ ကယောင်္ကျားကောင်းပါ.. အဲ့ကောင်လေးကသာ ကိုသျှံ ကို အဲ့လိုတွေဖြစ်နေတာ..."
"......"
အသာပြုံးရင်းပြောနေသော်လည်း သူမပြုံးနိုင်...။တကယ် သူမအမြင်ကိုပြောင်းလိုက်နိုင်တာ သိပ်ကိုတော်လွန်းသည်။
"ဟုတ်မှာပါ..."
"အင်း... ဒါပေမဲ့.. မင်းရယူ ကရုပ်ဖြောင့်ပြီး ချောတာဘဲကို ဘာလို့ဒီလိုဖြစ်နေလဲ ငါစဉ်းစားလို့မရဘူး..."
"မင်းက သူ့ကိုအကောင်းမြင်နေသေးတာလား..."
သူ့အမေးကို သူမကမျက်မှောင်ကြုတ်ရင်းကြည့်လာသည်။
"သူက မိကောင်းဖခင်သားသမီးတစ်ယောက်ဖြစ်ချင်ဖြစ်နေမှာ... သူဘာလို့ဒီလိုဖြစ်နေမှန်း မသိဘဲနဲ့ မဝေဖန်ပါနဲ့... ဒီလိုမျိုး တန်ဖိုးမဲ့ရတာလည်း သူ့အကြောင်းနဲ့သူရှိဦးမှာ!..."
တစ်ပါးသူက မိမိအပေါ်ဘာလုပ်နေမှန်းမသိတာတောင် စေတနာထားတတ်သေးသည့် မနီရာ ကိုသူဒီအတိုင်းသာ ငေးကြည့်နေလိုက်သည်။ သူချစ်တဲ့အမျိုးသမီးဟာ ဒီလိုမျိုး ဖြူစင်ပြီး စိတ်ထားပြည့်ဝတာကို သူဘယ်မေ့နိုင်ပါ့မလဲ...။
"အင်း...."
"ပြောမရဘူး အဆင်ပြေရင် ငါတို့သူငယ်ချင်းဖြစ်နိုင်တာဘဲ... ငါက သူအဲ့လိုဖြစ်နေတာကို သနားတာ..."
"ဟုတ်မှာပါ... နင်တို့တည့်နိုင်လောက်တယ်ထင်တာဘဲ..."
"နင်လည်း သူ့ကိုတွေ့ရင် အထင်မြင်သေးတဲ့အကြည့်နဲ့မကြည့်နဲ့ဦး... သူအားငယ်နေမယ်.."
"ငါ့ကို အဲ့လိုလူမျိုးထင်နေတာလား..."
သူမဲ့ကာပြောလိုက်သည်ကို မနီရာက အပြုံးနှင့်ပြန်ဖြေသည်။ ထိုအပြုံးလေးကြောင့်လည်း သူလိုက်ပြုံးလိုက်မိပြန်သည်။ စိတ်ဆိုတာ ကူးစက်တတ်တဲ့အရာတစ်ခုဘဲမို့လို့ ချစ်မိသူက ပျော်ရင် ကိုယ်ပျော်မယ်။
ချစ်ရသူက ဝမ်းနည်းရင် ကိုယ်လည်းဝမ်းနည်းမယ်။ ဒါကို အထွေအထူးလုပ်ယူနေစရာမလိုပေ...။
YOU ARE READING
အချစ်စေစားရာ
Ficção Geralခေါင်းစဉ်မှာအတိုင်း အချစ်စေစားရာမှာ လူတွေပျော်ရွှင်စွာအဆုံးသတ်နိုင်မလားဆိုတာ.....။