"ကိုယ်အလုပ်ရှင်တစ်ချို့နဲ့ချိန်းထားတာရှိသေးတယ် နီနီ..."
"အင်း ကိုသျှံ... ဂရုစိုက်သွားပါနော်..."
"ပြွတ်စ်!..."
သူ့ပါးပေါ်ရောက်လာသည့်အနမ်းတစ်ပွင့်ကြောင့် သူခပ်ရေးရေးပြုံးလိုက်ပြီး နှစ်လိုဖွယ်ပြုံးနေသည့် သူမကိုလက်ကာပြကာထွက်လာလိုက်သည်။ ခပ်လှမ်းလှမ်းသို့ရောက်သည့်အခါ သူ့နှုတ်ခမ်းတွေဟာ တည်တင်းသွာရသည်။ သူ မိုးမနီရာ ကိုသဘောကျပါသည်။ ချစ်လားဆို မချစ်ပါ။ သူ့မိခင်ကြောင့်သာ သူမအပေါ်ကိုဒီလိုဆက်ဆံနေတာပါ...။ တစ်စုံတစ်ယောက်ကို ချစ်ဖို့ဆိုတာ သူအသက်နှင့်ရင်းရမည့် ကိစ္စတစ်ခုပင်...။
"......"
ကွန်ဒို တိုက်ခန်းထဲဝင်လာလိုက်သည့်အခါ ဆိုဖာထောင့်နားထိုင်နေသည့် ကောင်လေးက ရုတ်တရပ်ထရပ်ကာ ခေါင်းကိုတွင်တွင်ငုံ့ထားသည်။ ဒီလိုပုံစံက သူလိုချင်တာနှင့် နည်းနည်းကွဲလွဲနေပေမဲ့.... အရမ်းမဆိုးပါ...။
"ပြောပေါင်းလည်း များနေပြီလေ ငယ်..."
ခပ်ကောက်ကောက်ဆံသားတွေကို အသာထိုးဖွရင်း မျက်နှာနားထိဆွဲကပ်လိုက်သည့်အခါ ထိုကောင်လေးက ကတုန်ကယင်ဖြစ်လာသည်။ အသာထိုးဖွရင်း မျက်နှာနားထိဆွဲကပ်လိုက်သည့်အခါ ထိုကောင်လေးက ကတုန်ကယင်ဖြစ်လာသည်။ ဘာလို့လဲ သူမသိ။
ထိုကောင်လေးရဲ့ဆံသားတွေဟာ သူ့လက်ထဲမှာ တင်းကြပ်နေအောင် ဆွဲကိုင်ခံထားရသော်လည်း ....။"ငယ်... ငယ်... ဘာမှ.. မပြောခဲ့ပါဘူး ကိုကို.... ငယ်လေ... အထင်လွဲမှာဆိုးလို့.... သွား... ဖြေရှင်း... ခဲ့ရုံလေးပါ ကိုကို..."
သူ့လက်ကောက်ဝတ်ကို ဖမ်းကိုင်ကာဆိုလာသည့် ထိုကောင်လေး၏ မျက်ဝန်းတွေက သိပ်လှလွန်းသည်။
ထိုမျက်ဝန်းတွေက သူ့ကိုယ်သူ ပြန်မြင်ယောင်လာစေသည်။ခပ်ရေးရေးမြင်ရသည့်ပုံရိပ်တစ်ခု...။
ကျောင်းသားဝတ်စုံပေါ်ရောက်လာသည့် လက်လေးတစ်ဖက်...။ ဆံသားတွေကိုဆွဲထားကာ ကျောင်းသားဝတ်စုံပေါ်ပြေးလွှားနေသည့် ထိုရွံစရာလက်တစ်စုံ...။"မာမီ!!..."
မှုန်ဝါးနေသည့်မြင်ကွင်းနှင့် အသံဟာ ဘုန်းသွေးသျှံ ကိုတုန်လှုပ်စေသည်။ သူ့ရင်ဘတ်တစ်ခုလုံးမောဟိုက်လာပြီး မျက်ဝန်းတွေဟာလည်း ပြာဝေလာသည်။
သူကိုင်ထားသည့် ဆံသားကောက်ကောက်တွေကို အမြန်ဖြေလျော့လိုက်ကာ အသက်ဝဝရှုလိုက်မိသည်။
YOU ARE READING
အချစ်စေစားရာ
Genel Kurguခေါင်းစဉ်မှာအတိုင်း အချစ်စေစားရာမှာ လူတွေပျော်ရွှင်စွာအဆုံးသတ်နိုင်မလားဆိုတာ.....။