ညပိုင်း မိုးလေပြင်းထန်သလောက်မနက်ပိုင်းမှာတော့ နေသာကာပူနွေးသာယာနေသည်။
တစ်စုံတစ်ဦး၏စိတ်တွေလည်း ပေါ့ပါးလန်းဆန်းနေပါလိမ့်မည်။“.....”
အဝတ်ဘီဒိုထဲမှ အင်္ကျီတစ်ထည်ကိုထုတ်ပြီးအသာဝတ်လိုက်သည်။ သူမျက်ဝန်းတွေတည်ငြိမ်နေသော်လည်း သူဒီနေ့ခံစားချက်ကောင်းနေသည်။ ဖြူလွလွရှပ်လက်ရှည်ကိုအသာခေါက်တင်လိုက်ပြီး လက်ကောက်ဝတ်ပေါ်စိန်စီနာရီကို ပတ်လိုက်သည်။ ပြီးနောက် ကိုယ်လုံးပေါ်မှန်ရှေ့ရပ်ကာ မိမိအချိုးအစားကိုကြည့်နေလိုက်သည်။ ပြီးပြည့်စုံသည့် ခန္ဓာအချိုးအစားနှင့် ခန့်ညားသည့်မျက်နှာအနေအထားကြောင့် သူအသာလေးပြုံးလိုက်သည်။
တကယ်ကို ပြီးပြည့်စုံသည့်မျက်နှာအောက်မှာ ဖဲကစားရတာသိပ်ပျော်ဖို့ကောင်းသည်။“.....”
အနောက်ဘက် ကုတင်ပေါ် အိပ်မောကျနေသည့် ဆံသားကောက်ကောက်နှင့်ကောင်လေးကိုတစ်ချက်ငဲ့ကြည့်ကာပင် ခပ်မဲ့မဲ့ပြုံးလိုက်သည်။ ပြီးနောက် ကားသော့ကိုယူကာ ဦးတည်ရာက လေယာဉ်ကွင်းသို့....။
=====
“လေယာဉ်ကွင်း”
"၅မိနစ်အတွင်း မြေပြင်ပေါ်ဆင်းသက်ပါတော့မည်”
အသိပေးသံနောက်မှာ ခရီးသည်တွေဟာ အဆင်သင့်ဖြစ်နေခဲ့ပြီ။ သူမလည်း သီချင်းနားထောင်နေရာကနေ အသံလျော့လိုက်သည်။ ၇နှစ်လောက်ဝေးကွာခဲ့ရသည့် မွေးရပ်မြေပေါ် သူမအခြေချနိုင်တော့မည်မို့ စိတ်လှုပ်ရှားနေရသည်။ ထိုအပြင် သူ့ကိုလာကြိုမည့်သူကြောင့် သူမပိုလို့ နေမထိထိုင်မသာဖြစ်နေရသည်။ အရင်ကလိုဘဲ အေးစက်စက်ခန့်ညားနေမလား၊ ပိုပြီး နူးညံ့ဖော်ရွေတဲ့သူဖြစ်လာမလားဆိုတာ သူမသိပ်ကိုသိချင်သည်။
“....”
သူမ ခရီးဆောင်အိတ်ကိုအသာသယ်ကာ လေယာဉ်ပေါ်ကနေဆင်းနေခဲ့ပြီ..။ မာမီတို့ လူလွတ်မကြိုခိုင်းသည့်ရည်ရွက်ချက်က တကယ်ကိုပင် အမြင်ကတ်စရာကောင်းနေသည်။လူတွေကြားသူမလိုက်ရှာနေမိသည်။ ယခုသူမက အနက်ရောင်Body fix နှင့် အနက်ရောင်စိန်စီ YSLဒေါက်ဖိနပ်ကိုစီးထားသည်မို့ လူများအမြင်မှာ အတော်ထူးဆန်းနေပေလိမ့်မည်။ သို့သော် သူမဂရုမစိုက်ပါ.. ထိုလူရဲ့အမြင်မှာ အလှဆုံးဖြစ်နေချင်သည်။
YOU ARE READING
အချစ်စေစားရာ
Художественная прозаခေါင်းစဉ်မှာအတိုင်း အချစ်စေစားရာမှာ လူတွေပျော်ရွှင်စွာအဆုံးသတ်နိုင်မလားဆိုတာ.....။