အုံ့မှိုင်းနေသည့် ကောင်းကင်ပြာအောက်မှာမိုးဖွဲလေးတွေစတင်ရွာကျနေလေပြီး...။
သူမဟာ shopping centre တစ်ခုမှာဖြစ်ပြီး ထီးလည်းပါမလာခဲ့ပေ...။ လာခဲ့တုန်းကတော့ ကိုသျှံနှင့်ဆိုသော်လည်း အခုကတော့ တစ်ယောက်တည်းပြန်ရတော့မည်။"ကိုသျှံ... အလုပ်မှာလား..."
မိုးကကြီးသထပ်ကြီးလာသည်မို့ သူမအမျိုးသားကိုဖုန်းခေါ်ရန်သာပြင်လိုက်သည်။
"မရောက်သေးဘူး နီနီ... ကိုယ်လာကြိုမှာမို့လို့ အဲ့နေရာမှာစောင့်နေနော်..."
"အွန်း ကိုသျှံ..."
သူမသဘောတကျပြုံးရင်း ပြန်ဖြေလိုက်သည်။ ကိုသျှံ ကသူမကိုဘယ်လိုမှမေ့ထားမှမဟုတ်ပါဘူးလေ..။
သူမဖုန်းကိုမသာပိတ်ပြီး shopping အိတ်တွေကိုသယ်လိုက်ချိန်တွင် မျက်ဝန်းတောင့်မှ အရိပ်လေးတစ်ခု....။"!!!..."
သူမရှေ့သို့ရောက်လာသည့် လူတစ်ဦး။ ဘယ်ဘက်မျက်နှာမှာ အညိုးမည်းအရာရေးရေးလေးနှင့်ဆိုသော်လည်း အဖြူရောင်ရှပ်နှင့် သန့်ရှင်းသပ်ရပ်သည့်ပုံစံနှင့် မင်းရယူ...။
"မတွေ့ရတာကြာပြီနော်... "
သူ့ကိုအပြုံးနှင့် ပြောလာသည့် မင်းရယူ ကိုမြင်တော့ သူမသက်ပြင်းချလိုက်သည်။ လည်တိုင်မှာလည်း ပတ်တီးတွေနှင့်...။
"တွေ့တိုင်း ဘာလို့ပတ်တီးတွေနဲ့ အနာတရတွေချည်းဖြစ်နေရတာလဲ..."
အိတ်တွေကို အသာချပြီး သူမပြောလိုက်သည်။ ဒီကောင်လေးကို အဲ့လိုမြင်ရရင် သူမစိတ်မကောင်းတာအမှန်။
"ဖြစ်တည်မှုကိုက အဲ့လိုလေ..."
"အဲ့လိုမဖြစ်အောင် လုပ်ယူလို့ရတာဘဲလေ... ဒီလိုမျိုး လုပ်တိုင်း ငြိမ်ခံနေရလား...."
သူမစကားကို မင်းရယူ ခပ်အေးအေးပင်ပြုံးလာခဲ့ပြီး တစ်ဖက်ကိုမျက်နှာလွဲသည်။
"ချစ်တာကိုး...."
အသံအေးအေးလေးနောက်မှာ သူမဘာမှပြန်မပြောမိ။ ချစ်မိသွားရင် လူဆိုတာ ဘာမှမမြင်တော့ဘူးဘဲ။
"ဘာဖြစ်ဖြစ် သိက္ခာကိုတော့ လှည့်ကြည့်ဦးမှပေါ့..."
"အင်း... အခုအဆင်ပြေသွားပါပြီ... သူငါ့ဆီကိုထပ်လာတော့မှာမဟုတ်ဘူး..."
YOU ARE READING
အချစ်စေစားရာ
General Fictionခေါင်းစဉ်မှာအတိုင်း အချစ်စေစားရာမှာ လူတွေပျော်ရွှင်စွာအဆုံးသတ်နိုင်မလားဆိုတာ.....။