အနက်ရောင်ကားတစ်စီးဟာ ကြီးမားသည့် ခြံအတွင်းသို့တဖြည်းဖြည်း ဝင်ရောက်လာသည်။ ကားဂိုဒေါင်အတွင်းနေရာယူလို့ပြီးချိန်တွင်တော့ ကားပေါ်မှဆင်းလာသည့် လူတစ်ဦး...။
ထိုလူကအေးအေးလူးလူးနိုင်သော်လည်း အိမ်ထဲမှ အမျိုးသမီးကတော့ အပူတွေနှင့်...။"ငါ့ကိုသောက်ရှက်ကွဲအောင်လုပ်ချင်နေတာလား ဘုန်းသွေးသျှံ!!..."
မိခင်ဖြစ်သူ၏ ဒေါသတကြီးပြောနေသံကို ဘုန်းသွေးသျှံ လျစ်လျူရှုနေသည်။ သူ့ကိစ္စမဟုတ်သလို အေးအေးလူလူပင်။
"နင်ညဘက်တွေ မနီရာ နဲ့အတူမနေဘဲ ဘယ်လိုက်သွားနေတာလဲ!.. "
"မင်္ဂလာဦးညမှာ နေစေချင်တဲ့အတိုင်း နေပေးတယ်လေ .. မလုံလောက်သေးဘူးလား..."
"နင့်မှာ အိမ်ထောင်နဲ့ဆိုတာကိုရော သိလား ဘုန်းသွေးသျှံ!!.. "
"အိမ်ထောင်?.... မာမီကြောင့်ဖြစ်သွားတဲ့ အိမ်ထောင်လေ... ကျွန်တော့်ကို အပြစ်လာတင်မနေပါနဲ့ မာမီ.."
သူ့စကားကြောင့် သူ့မိခင်ဟာ ပိုလို့ဒေါသတရှဲရှဲဖြစ်သွားရသည်။ သူဒီလိုလုပ်နေတာတွေအားလုံးက သူ့မိခင်ကြောင့်ဘဲ....။ သူ့မိခင်ကိုရွဲ့ချင်လို့၊ပျော်စေချင်လို့၊ မပျော်စေချင်လို့ ... အကုန်ပါဘဲ...။
"နင့်ဘာသာဘာဘဲရှုပ်ရှုပ် ကလေးရတဲ့အထိတော့ စောင့်ပါဦးလား!.. အခုဟာက ပေါက်ကြားသွားရင် နင့်ဘဝရော ငါ့ဘဝရော ရေစုန်မျောမှာ!..."
"ကျွန်တော်ကတော့ ဂရုမစိုက်ဘူး မာမီ... မနီရာ ကိုဟန်ဆောင်ကောင်းပြတာလည်း အတိုင်းအတာဆိုတာရှိတယ်... ထပ်ကောင်းမပေးနိုင်တော့ဘူး..."
"ဒီအထိရောက်အောင်ကြိုးစားလာတာ အလကားမှတ်နေလား ဘုန်းသွေးသျှံ!.. နင်ကောင်းစားဖို့အရေး ငါအဖက်ဖက်ကတွေးနေရတာ!..."
"အော်... အဖက်ဖက်ကလား.... ကိုယ့်သားကောင်းစားဖို့အရေး ကိုယ့်သားကိုပြည့်တန်ဆာလိုဆက်ဆံတာက မာမီရဲ့နည်းလမ်းလား...."
"ဖြောင်း!!...."
သူ့ပါးပေါ်ပြင်းထန်စွာကျရောက်သည့် ရိုက်ချက်ကို သူခံလိုက်ရသည်။ အနည်းငယ်ပူရှိန်းသည့်ခံစားချက်က နေရခက်သော်လည်း သိပ်မဆိုးသေး...။
သူမိခင်က ငွေတစ်မျက်နှာကိုဘဲကြည့်သည့်လူမျိုး။ ကောင်းစားဖို့အရေး ကိုယ့်သားကိုထိုးကျွေးသည့် မိခင်မျိုး....။ ဘယ်တုန်းက သူစိတ်တိုင်းကျဖြစ်ဖူးလို့လဲ...။
YOU ARE READING
အချစ်စေစားရာ
Ficción Generalခေါင်းစဉ်မှာအတိုင်း အချစ်စေစားရာမှာ လူတွေပျော်ရွှင်စွာအဆုံးသတ်နိုင်မလားဆိုတာ.....။