"ဒီအထိတောင် ခေါ်တာဆိုတော့... သိပ်ကို အားနေတဲ့ပုံဘဲ...."
စံအိမ်ထဲဝင်လာသည့် မင်းရယူကို မနီရာ ဆိုဖာပေါ်ထိုင်နေရာကနေ မော့ကြည့်လိုက်သည်။
"အဟင်း!... မင်းတကယ်ရောက်လာတာဘဲ..."
"အမှားလုပ်ထားတာမရှိလို့ ငါလာရဲတာပေါ့ ဘာကိုကြောက်နေရမှာလဲ..."
"ထိုင်ပါ... ကိုသျှံ မရှိဘူး...."
"လိုရင်းကိုဘဲပြော..."
ထိုအခါ မနီရာ ကထရပ်လိုက်ပြီး မင်းရယူ ဘေးသို့ဟန်ပါပါလျှောက်သွားသည်။
"ဘာမှမဟုတ်ပါဘူး... ဟော ဟိုမှာချိတ်ထားတဲ့ ဓါတ်ပုံကို ကြည့်စေချင်လို့.. ခေါ်လိုက်တာ..."
"!....."
သူ့ကို အံကြိတ်ကာကြည့်လာသည့် မင်းရယူ ကိုသူမကျေနပ်စွာကြည့်နေလိုက်သည်။ ဘာမှမလုပ်ရဘဲ ဒီလိုအဖြစ်ခံနေရတာတော့ ဘယ်သူကပျော်နေနိုင်မှာလဲ..။
"ကိုကို့အကြောင်းကိုပြောမယ်လို့ထင်ထားတာ ... မင်းက ... ငါ့ကိုရန်စဖို့သက်သက်နဲ့ခေါ်လိုက်တာပေါ့..."
"ရန်စတယ်?... ဟုတ်မှာပေါ့... ပြီးတော့ ငါ့အိမ်မှာဆိုတော့.. ငါကြိုက်သလိုပြောပိုင်ခွင့်ရှိတယ်လေ...."
"ကိုကို့ကြောင့်သာ ငါဒီကိုရောက်လာတာ... ဦးကောင်းဇုန် နဲ့ပူးပေါင်းခဲ့ပုံပေါ်ရင် မင်းကိုကို့အတိတ်ကအကြောင်းတွေကိုသေချာပေါက်သိနေမှာဘဲ...."
"ဘာအတိတ်ကအကြောင်းလဲ... ငါ့အပေါ်ဒီလိုလုပ်ကတည်းက ငါကသူ့အကြောင်းတွေကို ဂရုမစိုက်တော့တာကြာပေါ့... "
"ဒါဖြင့် မင်းငါ့ကိုခေါ်လိုက်တာက ... အရှက်ခွဲဖို့သက်သက်ဘဲပေါ့... အဟက်!..."
မင်းရယူ ၏ခြောက်ကပ်ကပ်ရယ်သံနောက်မှာ သူမခပ်မဲ့မဲ့ပြုံးလိုက်သည်။ အစကတော့ သူမလက်လျော့ပေးမယ်လို့ တွေးထားတာဘဲ။ သူမအပေါ်လုပ်ရက်တာကို ပြန်တွေးတိုင်း နာကျည်းချက်တွေက ပြည့်နှက်လာရတာကြောင့်... သူမအမုန်းတွေပိုတိုးလာရသည်။ သူမ ထိုလူနှစ်ယောက်ကို ဒီကမ္ဘာပေါ်ကနေပျောက်ကွယ်သွားဖို့ ဆုတောင်းမိသည်အထိ။
"မင်းအိမ်ဆိုပြီးတော့လည်း ငါကညှာမယ်ထင်နေတာတော့မဟုတ်ဘူးမလား.... ငါက မင်းရယူ... မင်းရဲ့အပုတ်အပွယောက္ခမအိမ်ကိုတောင် ငါကလက်ဗလာနဲ့တက်ခဲ့တာ.... မင်းအိမ်လောက်ကို ငါက ကြောက်ရမှာလား.... အဟားဟား...."
YOU ARE READING
အချစ်စေစားရာ
General Fictionခေါင်းစဉ်မှာအတိုင်း အချစ်စေစားရာမှာ လူတွေပျော်ရွှင်စွာအဆုံးသတ်နိုင်မလားဆိုတာ.....။