ကိစ္စတွေအားလုံးဖြစ်ပျက်သွားသည့်နောက်မှာ Yar Companyသည် တရားမဝင်သည့်အလုပ်တွေနှင့်Zone Company နဲ့ပူးပေါင်းမှန်း ပေါက်ကြားသွားသည့်နောက်မှာ ရှယ်ယာရှင်တွေဟာအသီးသီးနှုတ်ထွက်လိုက်ကြပြီး ဒေဝါလီခံလိုက်ရကာ Mann Company ၏အပိုင်သိမ်းခြင်းခံလိုက်ရသည်။ ထို့အပြင် ချုပ်ကိုင်သူမရှိတော့သည့် ပြိုလှဲလုဆဲဆဲ သွေးကုမ္ပဏီ ဟာလည်း Mann Company လက်အောက်သို့ရောက်ရှိသွားခဲ့ရသည်။
ပြီးနောက်မှာ Mann Company ဟာအုပ်ချုပ်သူအသစ်လက်အောက်တွင် နိုင်ငံစီးပွားရေး ထိပ်တန်းသို့ တဟုန်းထိုးမြင့်တက်လာခဲ့တော့သည်။"ကြက်ကြော်တစ်ပွဲ... မုန်လာဥဟင်းရည်နဲ့ထည့်ပေးပါ..."
ထိုအသံဟာ ညနေဆည်းဆာအောက်မှအမည်မရှိသည့် စားသောက်ဆိုင်ထဲကနေထွက်လာသည့် အမျိုးသမီး၏ အသံဖြစ်သည်။သူမဟာ အဖြူရောင်ချည်ခေါင်းပတ်လေးကို ခေါင်းပေါ်အသာဝတ်ထားပြီး စားပွဲထိုးဝတ်စုံကို ဝတ်ထားသည်။ သူမ၏ ကြည်လင်သည့် အပြုံးနှင်ဖော်ရွေမှုကြောင့် လူတွေပိုတို့လို့များလာခြင်းဖြစ်မည်။
"ရမယ် ... တင်း!...."
ခေါင်းလောင်းကို တီးလိုက်သည့် စားဖိုမှူးဝတ်စုံနှင့်ကောင်လေးကြောင့် သူမဟာ ဗန်းလေးကို အသာလက်လွဲယူသည်။ ထိုအခါသူမလက်ပေါ်ရောက်လာသည့် လက်ဖဝါးကြီးကြီး...။
" ပင်ပန်းနေပြီလား...."
"နေသားကျနေပါပြီး တံခွန် ရဲ့...."
ထိုအခါ တံခွန် ကသွားဒက်ပေါ်သည်အထိပြုံးလိုက်ပြီး သူမနားထင်ပေါ်မှဆံသားတွေကို အသာသပ်တင်လိုက်သည်။
"အင်း... အတင်းမလုပ်နဲ့နော်... ခဏနေကျရင် ကိုယ် ဆံပင်ပြန်စည်းပေးမယ်..."
"ဟုတ်ပါပြီးရှင်... ရှင်လည်း ဓါးတွေဘာတွေဂရုစိုက်ဦးနော်..."
သူမ၏ အင်္ကျီစနှင့် ချွေးသုတ်ပေးလာသည့်အခါ သူပိုလို့ပျော်ရွှင်နေရသည်။ သူဘယ်တုန်းကမှ မနီရာ လိုလူမျိုးနှင့် ဒီလိုရှိနေနိုင်မည်လို့ စိတ်ကူးတောင် မယဉ်ခဲ့ဖူးပေ...။
"စကားနားထောင်ပါ့မယ်ဗျ...."
"ကဲကဲ... ဆရာသမားတွေ... ဧည့်သည်ကပြန်တော့မယ်နော့်!..."
YOU ARE READING
အချစ်စေစားရာ
Художественная прозаခေါင်းစဉ်မှာအတိုင်း အချစ်စေစားရာမှာ လူတွေပျော်ရွှင်စွာအဆုံးသတ်နိုင်မလားဆိုတာ.....။