အချစ်စေစားရာ အပိုင်း (8)

166 7 1
                                    

“ဘယ်လိုလဲ..  မနီရာလေးက သိပ်လှတယ်မလား..”

အနောက်ဘက်မှအသံကြောင့် သွေးသျှံ  ခဲရောင်ကုတ်ကိုကုတင်ပေါ်အသာပစ်တင်လိုက်ပြီး လှည့်ကြည့်လိုက်သည်။ပြီးနောက် တွေ့လိုက်ရသည့် အပြုံးနုနုလေးကြောင့် သူမကိုသဘောကျသွားပြီဆိုတာ သူသိလိုက်သည်။ သူ့အမေက အစကတည်းက ကြိုက်နေတာပါလေ...။

“အင်း.. မဆိုးပါဘူး.. ပွဲထုတ်ဖို့တင့်တယ်လေ..”

“ဟုတ်တယ်မလား.. ပြီးတော့သူမကအပြစ်ကင်းစင်တယ်လေ ... သူမနဲ့သာလက်ထပ်လိုက်ရင် နှစ်ဖက်စီးပွါးရေးကပိုပြီးအဆင်ပြေလာမှာ...”

“ထင်သားဘဲ..  မာမီက ချွေးမကိုစိတ်ဝင်စားတာမဟုတ်ဘဲ စီးပွါးရေးကိုစိတ်ဝင်စားနေတာဘဲ..”

“ဘာဖြစ်ဖြစ် နစ်နာစရာမရှိဘူးလေ... မင်္ဂလာပွဲကို မြန်မြန်စီစဉ်ဖို့လိုတယ်.. ပြီးတော့ သားတာဝန်က မာမီ့အတွက် မြေးလေးတွေမွေးပေးဖို့ဘဲ ..”

“ဟုတ်ပြီလေ...”

သူတို့နှစ်ယောက်က မြေခွေးတွေလို့ပြောရင် ယုံချင်ယုံလိုက်မည်။ သူ့အမေကလည်း အကြံနဲ့ ၊ သူကလည်း အကြံနဲ့..။ ဘယ်လောက်လိုက်ဖက်လိုက်တဲ့ မအေတူသားလေးလဲ ..။

“မင်္ဂလာပွဲကိုမြန်မြန်စီစဉ်လိုက်လို့ရပါတယ်..  အဲ.. ကျွန်တော့်ဆီမှာ လော‌လောဆယ် .. ကစားလို့ကောင်းတဲ့အရုပ်တစ်ရုပ်ရှိသေးတယ်..”

သူ့အမေ၏ပျက်ယွင်းသွားသည့်မျက်နှာအနေအထားကိုကြည့်ကာ သွေးသျှံ အကျေအနပ်ပြုံးလိုက်သည်။ သူ့မှာ ထူးဆန်းတဲ့ဝါသနာတွေမှအများကြီး ....။

“နင်အခုထိ အဖြတ်ရသေးဘူးလား  သွေးသျှံ..”

မာထန်ထန်ပြောလာသည့် မိခင်ကို သူခပ်မဲ့မဲ့ပြုံးကာပင် စာကြည့်စာပွဲကိုမှီထိုင်လိုက်သည်။

“ဖြတ်မှာပါ.. ဒါပေမဲ့ အခုတော့မဟုတ်ဘူး...”

“မင်္ဂလာပွဲက ရက်သတ်မှတ်ပြီးတာနဲ့ စတော့မှာ ... ဘာသောက်ပေါအလုပ်တွေလုပ်နေတာလဲ သွေးသျှံ !!...”

ခက်ထန်စွာကြည့်ပြီးပြောနေသည့်သူ့အမေကို သူအပြုံးနှင့်ကြည့်နေမိဆဲ..။ သူ့အမေက သူ့ကိုအရုပ်တစ်ရုပ်ကိုဘယ်လိုကစားရမလဲ သင်ပြခဲ့တာဘဲ...။

အချစ်စေစားရာWhere stories live. Discover now