"3 star "
ဆိုသည့် အထက်တန်းဆန်ဆန် ကော်ဖီဆိုင်လေးတွင်ဖြစ်သည်။
နက်ပြာရောင် တလဲ့လဲ့တောက်နေသည့် ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးဟာ ကျော့မော့စွာလျှောက်လှမ်းပြီး သီးသန့်အခန်းသို့ ဟန်ပါပါဝင်သွားသည်။ မီးသီးအပြင်အဆင်တွေနှင့် နီရဲရဲ ကတ္တီဘာအသားဖြင့် ဖန်တီးထားသည့် ထိုကော်ဖီခန်းလေးဟာ တကယ်ကို တင့်တယ်လွန်းသည်။
သူမဟာ LV အိတ်ကို ခုံပေါ်အသာတင်ရင်း ကတ္တီဘာခုံပေါ် ခြေချိတ်ထိုင်လိုက်သည်။
နီရဲရဲနှုတ်ခမ်းပါးတွေဟာ စေ့စေ့ပိတ်ထားလျက်...။"တောက်!.. တောက်!.. တောက်!...."
သားရည်ဖိနပ်တစ်စုံဟာ ထိုအခန်းထဲသို့ တဖြည်းဖြည်းဝင်ရောက်လာသည်။ ကော်ဇော်ပေါ်ခြေချလိုက်သည့် ဆံသားကောက်ကောက်နှင့်ကောင်ငယ်လေးတစ်ဦး...။
သူဟာ အဖြူရောင်ရှပ်နှင့် အနက်ရောင်စတိုင်ပင်ကို မဝတ်စဖူးဝတ်လို့ရယ် ။ သိပ်ကိုကြည့်ကောင်းသည့်အသွင်နှင့် ထိုအမျိုးသမီးရှေ့သို့ရောက်လာသည်။"ဘာလဲ... ဒေါ်လျာစိန် ရဲ့ နွားကခြံပြင်ထွက်သွားလို့လား... "
ခနဲသည့် အသံနှင့် မင်းရယူ ဟာဒေါ်လျာစိန် ၏အရှေ့သို့ဝင်ကာထိုင်လိုက်သည်။ အရင်က ချစ်စဖွယ် ချောမောသည့်မျက်နှာထက်မှာ အခုတော့ လှောင်ပြောင်ခနဲရိပ်တွေသာပြည့်နေသည်။
"နွားကလွတ်မှတော့ ပြန်ရှာရတာ သူ့သခင်ရဲ့တာဝန်ဘဲလေ... "
"နွားက လွတ်တယ်ထင်ရင် သွားချင်ရာသွားမှာဘဲ ... ပြီးတော့ သခင်ကမြက်ခြောက်ဘဲကျွေးရင်တောင် မြက်နုကိုသိပ်ကြိုက်မှာလေ...."
ဒေါ်လျာစိန် ၏မာန်အပြည့်မျက်နှာထာကို မင်းရယူ အရသာခံကြည့်နေသည်။ သူ့မှာသူ့အကြံရှိနေတယ်ဆိုရင်တောင် သူချစ်ရသူကို ဒီလိုသုံးနှုန်းပြောဆိုနေတာကိုတော့ သိပ်မနှစ်သက်ချင်...။
"ငါ့မှာဖြုန်းဖို့ ငွေကလွဲပြီး ကျန်တာမရှိဘူး.. အဲ့တော့ လိုရင်းတိုရှင်းဘဲပြောကြတာပေါ့..."
"ငါ့သားနဲ့လမ်းခွဲပေး .. ဘယ်လောက်ဘယ်လောက်ပေးပါမယ်ဆိုပြီးတော့လား... ဒါမှမဟုတ် ငါ့အဆိုးမဆိုနဲ့ဆိုပြီး ချိန်းခြောက်မှာလား... အဟား!..."
YOU ARE READING
အချစ်စေစားရာ
General Fictionခေါင်းစဉ်မှာအတိုင်း အချစ်စေစားရာမှာ လူတွေပျော်ရွှင်စွာအဆုံးသတ်နိုင်မလားဆိုတာ.....။