ပတ်ဝန်းကျင်တွေဟာတိတ်ဆိတ်နေလျက် တိုက်ခန်းကွန်ဒိုတစ်လုံးချင်းစီက အနည်းငယ်ကွာဝေးသည်။
အဆင့်တန်းမြင့်မြင့် ထိုတိုက်ခန်းဟာ အသံလည်းလုံနေပါလိမ့်မည်။
တဖြည်းဖြည်းမှောင်လာသည့် အခန်းရဲ့ကြမ်းပြင်ပေါ်ထိုင်ကာ တစ်ယောက်ယောက်ကိုစောင့်ဆိုင်းနေမြဲ...။"......"
မင်းရယူ အေးစက်စက်ကြမ်းပြင်ပေါ်ထိုင်ရင်းတံခါးကိုမမှိန်းမသုန်းကြည့်နေသည်။ သူပြန်လာချင်ရင်ပြန်လာလိမ့်မည်။ သို့မဟုတ် ပြန်မလာချင်ရင်လည်းပြန်လာမည်မဟုတ်။ သူ့ကို လိုသုံးလို အငယ်အနှောင်းလိုသဘောထားတဲ့ ကိုကို့ ကိုသူမြင်ချင်ပါသေးသည်။
ကိုကို တကယ်ရောချစ်ခဲ့ရဲ့လားဆိုသည့်မေးခွန်းကိုသူမေးချင်သည်။ ယောင်္ကျားတစ်ယောက်မို့လို့ အရိုက်ခံလို့ရတယ်လို့များ ကိုကိုတွေးထားတာလား...။ သူဟာ ကိုကို့ရဲ့ ချစ်သူလေ....။"......"
မကုန်နိုင်သည့် မျက်ရည်စတွေအောက်မှာ အောက်နှုတ်ခမ်းကိုဖိကိုက်ရင်း သူစောင့်နေသည်။ မြေပြင်ပေါ်လှဲကျခဲ့လို့ ပေပွနေသည့် မိမိဝတ်စုံကိုလည်း မလဲမိသလို သွေးစို့နေသည့် လက်ဖဝါးနှစ်ဖက်ကိုလည်း သူမဆေးကြောမိ...။
ကိုကို သူ့ကိုဘယ်လောက်နာကျင်စေခဲ့ကြောင်း သူပြချင်သည်။"ဒုတ်!!!..."
ကျယ်လောင်သည့်အသံနောက်မှာ သူ့မြင်ကွင်ထဲဝင်လာသည့် လူတစ်ဦး...။ ထိစပ်မတတ်တွန့်ချိုထားသည့် မျက်ခုံးနှင့် မီးတောက်လိုဒေါသရိပ်တွေ...။
သူ့ထံ ခက်ထန်စွာလျှောက်လာသည့် ကိုကိုသည် သူ့နှုတ်ခမ်းတွေဆီမှ သွေးစတွေကိုမြင်ပါရဲ့လား။"အပျက်ကောင်!!..."
"!!!...."
ကြမ်းတမ်းသည့် ဆွဲရမ်းမှုနောက်မှာ သူ့ခန္ဓာကိုယ်က စွေ့ခနဲ မတ်တပ်အနေအထားသို့ရောက်သွားသည်။ ပြီးနောက်မှာတော့....။
"ခွပ်!!..."
ပြင်းထန်သည့်ထိုးနှက်ချက်တစ်ခုက သူ့ပါးပေါ်အရှိန်ပြင်းစွာကျရောက်လာသည်။ မှေးရိုးတစ်ခုလုံးပြုတ်ထွက်သွားမတတ်နာကျင်လာသည်။ အကြည့်တွေပြာဝေလာသည်။ သူ့အသိတွေလည်းမရှိချင်တော့...။
YOU ARE READING
အချစ်စေစားရာ
General Fictionခေါင်းစဉ်မှာအတိုင်း အချစ်စေစားရာမှာ လူတွေပျော်ရွှင်စွာအဆုံးသတ်နိုင်မလားဆိုတာ.....။