စာကြည့်ခန်းလေးဟာ အေးသထက်အေးစက်နေသည်။ မိုးဖွဲလေးရွာကျနေသည်တိုင် ဝရန်တာပေါ်ရပ်နေသည့်အမျိုးသမီးတစ်ဦးမှာတော့ ဝမ်းနည်းပူဆွေးနေလေသည်။
"တောက်!.. တောက်!..."
အနောက်ဘက်မှ အသံကိုကြားလိုက်သော်လည်း သူမလှည့်မကြည့်မိ...။ ထိုမိုးဖွဲလေးတွေအောက်သာ သူမနှလုံးသားကိုအေးမြအောင်ထားနေရသည်။
"......"
သူမဘေးရောက်လာသည့် အရိပ်တစ်ခုကိုလည်း သူမလျစ်လျှူရှုနေသည်။ သူမသိပ်ကြိုက်ပါသည်ဆိုသည့် လီလီပန်းရနံ့လေးကိုတောင် သိပ်မုန်းနေမိပြီ...။
"အေးတယ်လေ... အိမ်ထဲဝင်ကြမလား နီနီ..."
တည်ငြိမ်သည့်အသံနှင့် ထိုလူကိုသူမလှည့်ကြည့်လိုက်သည်။ သူမအပေါ်ကိုမှ လုပ်ရက်သည်။
"ကျွန်မရင်ထဲက အပူကိုအေးနိုင်မှာတဲ့လား ကိုသျှံ?..."
"ရင်ထဲကအပူကို အိမ်ထဲမှာ ဖြေရှင်းလည်းရတယ် နီနီ... ခန္ဓာကိုယ်ကဖျားနာတတ်တယ်..."
"စိတ်ရင်းနဲ့လား... "
"......."
သူ့ကိုကြည့်နေသည့် မျက်ဝန်းညိုတွေဟာ တစ်ဖက်သို့လှည့်သွားပြီး ပြင်းပြစွာသက်ပြင်းချလာသည်။ ကိုသျှံ ဟာသူ့ကိုစိတ်ရင်းနဲ့ဘယ်တုန်းကဆက်ဆံဖူးသလဲသူမသိချင်မိသည်။
"ကိုယ်စေတနာပါပါတယ် နီနီ..."
"......"
သူမမှာပြောစရာစကားပျောက်သွားရသည်။ ဒါကကောင်းလားဆိုးလား သူမခွဲခြားတတ်တော့ပေ...။ ကိုသျှံ ဘာကြောင့်ဒီလိုဖြစ်လာရသလဲသူမတကယ်နားမလည်တော့...။ မုသားတွေနဲ့ပြည့်နေတဲ့ ထိုလူကိုသူမထပ်ယုံရမည်လား...။
"စေတနာ?... အဲ့လိုလုပ်မဲ့အစား... တစ်ခါတည်းမီးလောင်တိုက်သွင်းပစ်လိုက်တာ ပိုမကောင်းဘူးလား ကိုသျှံ... ဘာကြောင့်ဒီလိုလုပ်ခဲ့ရတာလဲ..."
"ကိုယ့်အမှားဆိုတာ ကိုယ်ဝန်ခံပါ့မယ် နီနီ... "
"ကျွန်မကို ဘာကြောင့်လက်ထပ်လိုက်ရတာလဲ ကိုသျှံ...."
"ငွေကြောင့်....."
"!!....."
သူ့ကို လှည့်ကြည့်သည့်မျက်ဝန်းတွေဟာ တည်ငြိမ်ပြတ်သားလျက်။ ဝမ်းနည်း၊အားနာရိပ်စိုးစဉ်းမျှရှာမရသည့် ထိုမျက်ဝန်းတွေကို သူမသိပ်ချစ်ခဲ့ရဖူးသည်။
မျက်ကန်းဖြစ်ခဲ့ရဖူးသည်။
YOU ARE READING
အချစ်စေစားရာ
General Fictionခေါင်းစဉ်မှာအတိုင်း အချစ်စေစားရာမှာ လူတွေပျော်ရွှင်စွာအဆုံးသတ်နိုင်မလားဆိုတာ.....။