အချစ်စေစားရာ အပိုင်း (46)

206 8 0
                                    

Blood Warning ⚠️
နည်းနည်းပါပါတယ်၊ အရမ်းမပီသရင်တောင် ကြိုအသိပေးပါရစေရှင်🌹



"သူမ ကို!...  ခွင့်လွှတ်ပေး!.. ပါ!.. ကလေးကိုကယ်ပေးပါ!.. ကျွန်တော်တောင်းဆိုတာပါ...."

"........"

သူ့ကို မျက်နှာသေနှင့်သာ စိုက်ကြည့်နေသည့် ထိုလူကို သူအကြိမ်ကြိမ် ခခယယတောင်းပန်နေမိသည်။

"ကျွန်တော့်အသက်ကိုဘဲယူလိုက်ပါ... သူမကိုတော့ လွှတ်ပေးပါနော်...."

သူ့မျက်ဝန်းမှာမျက်ရည်စတွေစို့တက်လာသည်။ ဒါတွေက အဆုံးသတ်ဆိုရင် ဒီနေရာမှာဘဲ ပြီးဆုံးပါစေတော့...။ သူ့လိုလူက ဘာများတတ်နိုင်တော့မည်လဲ...။

"ဘွန်း!!!...."

"!!!!...."

ကျယ်လောင်သည့် စက်သံတစ်ခုနှင့်အတူရောက်လာသည့် နက်ပြာရောင် စီဘီအာ တစ်စီး....။ ထို‌အပေါ်မှလူကတော့ ဦး‌ထုပ်ကို အသာချွတ်လိုက်ပြီး အသံတစ်ခုနှင့်အတူ သူတို့ထံပြေးလာတော့သည်။

"ဒီးဒေါင်း!!!..."

"!!!....."

ကိုစည် ဟာထိုလူ၏ လက်ကောက်ဝတ်ကိုအသာဖမ်းကိုင်လိုက်ပြီး တားလာခဲ့သည်။

"ဒီလိုလုပ်ရမှလား!... သူမမှာကိုယ်ဝန်ရှိနေတယ်လေ!... အရင်ဆုံး ဆေးရုံသွားကအောင်!..."

သူ့အနားကပ်လာမည့် ကိုစည်ကို ဒီးဒေါင်း ကလက်ကောက်ဝတ်ကနေ ပြန်ဖမ်းခေါ်သည်။

"ငါ့တူကိုဒီလိုအကွက်ချ လုပ်ကြံတဲ့မိန်းမကို ငါမသနားဘူး စည်..."

"ငါ့အတွက်!... ငါ့အတွက် လုပ်ပေးပါ ဒီးဒေါင်း... မင်းလက်ကို သွေးမစွန်းစေပါနဲ့တော့.... အခု ရယူ ကပိုအရေးကြီးတယ်မလား.. ဒီနေရာကို ငါကြည့်လိုက်မှာမို့လို့... အခုအမြန်သွားတော့ ဒီးဒေါင်း...."

"........"

ဒီးဒေါင်း ဟာ စည် ကိုဒီအတိုင်း ငေးကြည့်လိုက်ပြီးမှ  အံကိုတင်းတင်းကြိတ်လိုက်ပြီး နောက်သို့ တစ်လှမ်းဆုတ်သွားသည်။ သေနတ်ကိုအသာသိမ်းလိုက်ပြီး နောက်လှည့်သွားတော့သည်။ ဒါကို သူသိပ်သဘောမတွေ့သော်လည်း ကိုစည် ၏စကားကိုတော့ သူနားထောင်သည့်ပုံ...။

အချစ်စေစားရာWhere stories live. Discover now