တစ်မိသားစုလုံးသတ်ဖြတ်မှု (၁၄)

178 22 0
                                    

အခန်း (၂၈) မဟာသူရဲကောင်း

လမ်းပေါ်ရောက်လာချိန်တွင် မြင်ကွင်းက ထင်သလောက် မဆိုးဝါးလှ။ လူမိုက်များက လမ်းဘေးပန်းခြံတစ်ဘက်တွင် ခိုနေသည်။ သာမန်ရဲများနှင့်ယာဉ်ထိန်းရဲများလည်း ပန်းခြံကိုကာဗာယူ၍ ပုန်းကွယ်နေရသည်။

မလှမ်းမကမ်းတွင် ဗွီဒဗလျူဆန်တာနာတစ်စီး လမ်းဘေးသစ်သီးဆိုင်တစ်ခုကို ဝင်တိုက်ထားသည်။

အထူးရဲများရောက်လာခြင်းသည် သာမန်ရဲသားများနှင့် ယာဉ်ထိန်းရဲများအတွက် နတ်ဘုရားစစ်သည်များ ရောက်လာသလိုပင်ဖြစ်သည်။ အစောပိုင်းက ရယ်မောနေခဲ့သည့် အထူးရဲတပ်ဖွဲ့မှ ရဲဝံ့သည့် ယောက်ျားမိန်းမများ အချင်းချင်းအချက်ပြ၍ ကျည်ကာဒိုင်းများကိုထောင်လျက် ရှေ့ဆုံးမှ စနစ်တကျ ချီတက်သွားသည်။

“လာကြ၊ မီအောင်လိုက်ကြ”

လင်းချွေ့ဖူ သူ့လူများကို လက်ယမ်းပြသည်။ မှုခင်းရဲများက အထူးရဲများနောက် ပုန်းကွယ်၍ လိုက်ကြသည်။ အတန်းသုံးတန်းခွဲ၍ ချီတက်သလိုဖြစ်နေသည်။

အထူးတပ်ဖွဲ့ခေါင်းဆောင်က မိုက်ကရိုဖုန်းကိုထုတ်လိုက်သည်။

“မင်းတို့အားလုံး လက်နက်ချပြီး အဖမ်းခံပါ။ မင်းတို့ဟာ အခု လက်နက်ကိုင်ထားတဲ့အခြေအနေပဲ ရှိသေးတာ။ တစ်ခြားလူတွေကို ထိခိုက်အောင် လုပ်မထားဘူး။ ပြည်သူတစ်ယောက် ဒါမှမဟုတ် ရဲတစ်ယောက်ကို တိုက်ခိုက်လာရင်တော့ မင်းတို့အမှုတွေထပ်တိုးလာမယ်။ အခုချက်ချင်း လက်နက်ချရင် အမှုသက်သာခွင့်ရမယ်”

“ငါတို့ကို လာပြီးဖိအားမပေးနဲ့ကွ”

လူမိုက်တစ်ယောက်က သေနတ်ကို မိုးပေါ်ထောင်၍ ဖေါက်လိုက်သည်။ သေနတ်သံကြောင့် မှုခင်းရဲများ ထိတ်လန့်တုန်လှုပ်သွားသည်။သွားကြသည်။ လမ်းတစ်ဘက်ဆီမှလာနေသည့်ကားများ ချက်ချင်းရပ်သွားသည်။

အထူးတပ်ဖွဲ့ခေါင်းဆောင်က ဆက်ပြောသည်။

“ငါတို့ နောက်ဆုတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ နောက်တစ်ခါ ထပ်ပြောမယ်။ အခုချက်ချင်း လက်နက်ချပြီး အဖမ်းခံပါ။ မင်းတို့က အကြမ်းနည်းသုံးချင်ရင်လည်း ငါတို့ အဆုံးထိ အဖေါ်ပြုပေးမယ်။ မင်းတို့ကပဲ ကျည်ဆန်ပိုများသလား ငါတို့ကပဲ ပိုအရည်အချင်းရှိသလား ကြည့်ကြတာပေါ့”

ဒရိုင်ဘာစုံထောက် ချန်ရှီWhere stories live. Discover now