ဓနအက်ကြောင်း (၅)

40 10 0
                                    

အခန်း (၁၅၃) ပျောက်ဆုံးမှတ်တမ်း

“ရှင်က သူ့ကို...”

လင်းတုန်ရွှဲ့ မေးသည်။

“ငါ့သူ့ကို သံသယဝင်တယ်လို့ မပြောပါဘူး။ လူသတ်မှုဖြစ်တဲ့နေ့မှာ လုကျန်တုန်တွေ့ကြုံခဲ့တဲ့အရာအားလုံးကို ငါသိချင်လို့ပါ။ ဒါပေမယ့် လုအဘိုးကြီးက ငါ့ကိုအမှန်အတိုင်းပြောမှာမဟုတ်ဘူး”

“အဲဒါကြောင့် သူ့ကို ပ,ထုတ်လိုက်တာလား”

“အင်း...အဲဒါက တိုက်တိုက်ဆိုင်ဆိုင်ဖြစ်သွားတာပါ”

ချန်ရှီပြုံးနေသည်။ ထို့နောက် အပြင်ဘက်မှလူအားလုံးကို ပြန်ဝင်လာရန် ခေါ်လိုက်သည်။

ထိုလူစုရှေ့တွင် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ရင်း သူဆက်ပြောသည်။

“လုအဘိုးကြီးက မင်းတို့ကို ကြိုတင်လေ့ကျင့်ပေးပြီး ကိစ္စတစ်ချို့ ဖုံးကွယ်ခိုင်းထားမှန်း ငါသိတယ်။ ဒါမှမဟုတ် မင်းတို့ကို နှုတ်ပိတ်ခ ပေးထားတာလည်းဖြစ်နိုင်တယ်။ လုကျန်တုန်သေဆုံးမှုကို စုံစမ်းဖို့ ရနိုင်တဲ့သတင်းအချက်အလက်အားလုံး ငါလိုချင်တယ်။ ဒီကဒ်ထဲမှာ ယွမ်နှစ်သိန်းရှိတယ်”

လုချီရှင်းပေးခဲ့သည့် ကဒ်ပြားကို မြှောက်ပြလိုက်သည်။ အလုပ်သမားအတော်များများ စိုက်ကြည့်နေကြသည်။

“ငါ့ဖုန်းနံပတ်က ၁၃*******ပါ။ မင်းတို့ထဲက ရဲဝံ့တဲ့သစ္စာဖောက်တစ်ယောက် အဲဒီ့ညကအဖြစ်အပျက် လာပြောတာကို ငါစောင့်နေမယ်။ စိတ်ချပါ၊ အားလုံးကို လျှို့ဝှက်ချက်အဖြစ်ပဲ ထားပေးမှာပါ”

ဟိုတယ်မန်နေဂျာက ရယ်လျက်

“ဆရာစုန့်၊ ဒါက သိပ်ပြီးတော့ ကျင့်ဝတ်နဲ့သိပ်မညီဘူးထင်တယ်နော်”

“မင်းတို့နဲ့ ဘာမှဆက်ပြောစရာမရှိတော့ဘူး။ သွားကြတော့”

သူတို့ထွက်သွားပြီးနောက် ဖန်စီကျွယ် ပစ္စည်းသေတ္တာတစ်ခုကိုင်၍ ဝင်လာသည်။

“လောင်စုန့်”

“စကြစို့ စီကျွယ်”

လင်းတုန်ရွှဲ့က ချန်ရှီကို တိုးတိုးကပ်ပြောသည်။

ဒရိုင်ဘာစုံထောက် ချန်ရှီWhere stories live. Discover now