သူလျှို (၁၈)

69 9 0
                                    

အခန်း (၁၃၂) ပထမစမ်းသပ်ချက်

တစ်ညလုံးမအိပ်ရသဖြင့် ကားထဲတွင် မျက်လုံးကို ခဏအနားယူလိုက်သည်။ ကားရပ်သည်နှင့် ချက်ချင်းနိုးလားသည်”

“ရောက်ပြီလား”

“မရောက်သေးဘူး။ ခုနကပဲ အကို့ကို အဝတ်အစားဝယ်ပေးဖို့ ပြောနေတာ”

လူပိန်က ပြောသည်။

“အဝတ်အစားဝယ်ဖို့လား”

“အကို့အဝတ်တွေကြည့်ဦးလေ၊ မြို့မရောက်ဖူးတဲ့ တောသားပုံပေါက်နေတယ်။ ဝတ်စုံသစ်လေး နည်းနည်းရွေးဖို့ ခေါ်သွားပေးမယ်။ ကင်းကောင်၊ မင်း ကားကိုစောင့်ကြည့်ထား”

“ငါ့နာမည်ကင်းကောင်”

သူတို့နှစ်ယောက် မြို့ထဲမှ အဝတ်ဆိုင်တန်းတစ်ခုဆီ သွားကြသည်။ အင်္ကျီရွေးနေရင်း လူပိန်ကပြောသည်။

“အကိုယန်က အဲလိုပဲ။ လူသစ်တွေကို ဒီလိုပဲ စမ်းသပ်စစ်ဆေးပြီးမှ လက်ခံတာ။ စိတ်ထဲမထားပါနဲ့”

“အစကတော့ မကျေနပ်ဘူး။ ဒါပေမယ့် မနေ့ညကပြီးတော့ သူနောက်ထပ်ငါ့ကို နောက်ထပ်ခုနစ်ရက်လောက် ပိတ်လှောင်ထားဖို့တောင် မျှော်လင့်မိတယ်”

"ဟားဟား၊ အကိုက အတော်ပျော်တတ်တာပဲ။ အရိုးသားဆုံးပြောရရင် အကိုဝင်လာတဲ့အတွက် ကျုပ်လည်းပျော်တယ်။ စကားပြောဖော်ရတာပေါ့”

“ဟမ်၊ ဒီအဖွဲ့မှာ လူလေးယောက်ပဲ ရှိတာလား”

“မဟုတ်ပါဘူး၊ နောက်ထပ်လူအများကြီး ရှိပါသေးတယ်”

“ညီလေး၊ ဒီနေ့ အကိုယန်က ငါ့ကို ဘယ်လိုတာဝန်မျိုးပေးမှာလဲ။ မင်းကြိုပြီး ပြောပြလို့ရမလား”

“ပထမဆုံးတာဝန်က လူရိုက်ခိုင်းတာပဲပေါ့”

လူပိန်က လေသံတိုးတိုးဖြင့် ပြန်ဖြေသည်။

“လူရိုက်ရမယ်ပေါ့”

“အကိုချန်ကို စောင့်ကြည့်နေတဲ့လူလည်း ရှိလိမ့်မယ်။ လူရိုက်တဲ့အခါ မညှာမတာ ရိုက်ရမှာ။.... ဒါပေမယ့် အဲဒါတော့ အကိုချန်အတွက် ပြဿနာမရှိလောက်ပါဘူး။ အကိုက လူတွေအများကြီး ရိုက်ဖူးခဲ့တာပဲလေ”

ဒရိုင်ဘာစုံထောက် ချန်ရှီWhere stories live. Discover now