အခန်း (၃၁) အံဩဖွယ်အမှန်တရား
သူတို့နှစ်ယောက် စခန်းသို့ပြန်ရောက်ပြီး မှုခင်းဆေးသိပ္ပံဌာနကို တန်းသွားသည်။ ချန်ရှီက ဖန်စီကျွယ်ကို တောင်းဆိုသည်။
“ကပ္ပတိန်ဖန်၊ ကျုပ်ကို တစ်ခုစစ်ဆေးပေးပါဦး”
ဖန်စီးကျွယ်က သူ့ကိုအေးစက်စက်ကြည့်၍ မေးသည်။
“ဘာရယ်”
“လက်နက်ပေါ်ကသွေးကို မှတ်မိသေး...”
“ငါစစ်ဆေးပြီးပြီ”
“မဟုတ်ဘူး။ ဒီအန်အေစစ်ဆေးဖို့မဟုတ်ဘူး။ အဲဒီ့သွေးထဲက အဆီပမာဏကို သေဆုံးသူရဲ့သွေးနဲ့ တိုက်ဆိုင်စစ်ဆေးစေချင်တာ”
ဖန်စီကျွယ် ချန်ရှီကို ခဏစိုက်ကြည့်နေပြီးနောက် ပြန်ပြောသည်။
“ငါမင်းစကားကို ဘာလို့နားထောင်ရမှာလဲ။ အခုငါ့လက်ထဲမှာ လုပ်စရာတွေအများကြီးပဲ။ မင်းတောင်းဆိုတာလုပ်ပေးနေဖို့ အချိန်မရှိဘူး”
“ကပ္ပတိန်လင်းက နောက်တစ်ကြိမ်စုံစမ်းမှုစပြန်ပြီလား”
လင်းတုန်ရွှဲ့က ဝင်မေးသည်။
“ဟုတ်တယ်။ ကျားကြိးအသတ်ခံရတဲ့နေရာက ပြန်လာပြီး သက်သေတစ်ချို့ယူလာတယ်။ အခုငါ အတော်အလုပ်များနေတယ်။ သွားကြတော့”
လင်းတုန်ရွှဲ့က ချန်ရှီ၏အင်္ကျီလက်ကို ဆွဲခေါ်သည်။
“သွားကြစို့”
“ကပ္ပတိန်ဖန်”
ချန်ရှီ၏လေသံ ရုတ်တရက် မြင့်တက်သွားသည်။
“ခင်ဗျားဟာ လူတွေကို ဆက်ဆံတဲ့နေရာမှာ တည်ငြိမ် ဖြောင့်မတ်ပြီး မျက်နှာမလိုက်တဲ့လူပါ။ ဒါပေမယ့် ခုနက မင်းစကားဘာလို့နားထောင်ရမှာလဲဆိုတဲ့စကားက အတော်အတ္တဆန်သွားပြီထင်တယ်။ ကျုပ်က အမှုဖြေရှင်းတဲ့ကိစ္စမှာ ပါဝင်နေတယ်။ ဘာလို့ဒီက ရင်းမြစ်တွေကို မသုံးနိုင်ရတာလဲ။ တောင်းဆိုတဲ့လူအပေါ်မူတည်ပြီး ခင်ဗျားက အလုပ်လုပ်တာလား”
ဖန်စီကျွယ် ထရပ်လာပြီး ချန်ရှီကို စိုက်ကြည့်သည်။
“ငါစရိုက်ငါ့ပုံစံ ဘယ်လိုဖြစ်ဖြစ် မင်းလိုကောင်တွေ ပြောစရာမလိုဘူးကွ”
YOU ARE READING
ဒရိုင်ဘာစုံထောက် ချန်ရှီ
Mystery / Thrillerရန်သူတစ်ယောက် အမှုဆင်ချောက်ချခဲ့လို့ မျက်နှာပုံပြောင်းပြီး အငှားယာဉ်ဒရိုင်ဘာဖြစ်လာရသူ ချန်ရှီ။ သို့မဟုတ် တစ်ချိန်က ပါရမီရှင်စုံထောက်ကျော် စုန့်လန်။ တရားမျှတမှုကို လိုလားစိတ်ကြောင့်လား... ဖျောက်မရသည့် စုံထောက်ဗီဇကြောင့်လား... ဒါမှမဟုတ် ကံကြမ္မာသတ်မ...