မရဏနှောင်ကြိုး (၁၁)

83 13 0
                                    

အခန်း (၁၄၈) နှောင်ကြိုး

ချန်ရှီနှင့် လင်းတုန်ရွှဲ့တို့ လှေခါးနဲ့ လေသာဆောင်ကြားတွင် ခဏရပ်နေကြသည်။ ရွှဲ့ချန်ကျီအခြေအနေကိုသိနိုင်ရန် ရှုရှောင်တုန်ဆီ မက်ဆေ့ဖြင့်လှမ်းမေးသည်။

“သူအခန်းထဲဝင်သွားပြီ”

ရှုရှောင်တုန် မက်ဆေ့ပြန်ပို့သည်။

“သွားမယ်”

နှစ်ယောက်သား ပြန်တက်သွားသည်။ ချန်ရှီက ကာဆီးထားသည့် တိတ်ဝါများကို အတင်းတိုးဝှေ့သွားပြီး အော်ဟစ်လိုက်သည်။

“အထဲက ဘယ်သူလဲကွ”

အခန်းထဲတွင် ကြမ်းတိုက်ဖတ်ဖြင့် ဖုန်သုတ်နေသည့် ရွှဲ့ချန်ကျီ လှည့်ကြည့်လာပြီး မပွင့်တပွင့်ပြုံးပြသည်။

“ကြမ်းပြင်က ညစ်ပတ်နေတာတွေ့လို ဝင်လာပြီး ဖုန်သုတ်ပေးတာပါ”

ချန်ရှီ မျက်နှာကိုတင်းထားသည်။

“ဒီအခန်းထဲမှာ အရေးကြီးတဲ့သဲလွန်စတွေရှိတယ်လို့ ကျုပ်ပြောထားတယ်လေ။ ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုဘူး။ အဲဒါ ခင်ဗျားလည်းပါတယ်။ ခင်ဗျားက လူသတ်သမားရဲ့သက်သေတွေကို ဖျက်ဆီးပေးနေတာလား”

“မ..မဟုတ်ပါဘူး”

“ဝတ္တရားနှောက်ယှက်မှုပဲ။ ဆောရီးပါ..ရှင်ကျွန်မတို့နဲ့ လိုက်ခဲ့ရလိမ့်မယ်”

ရွှဲ့ချန်ကျီ ငိုမဲ့မဲ့မျက်နှာဖြင့်‌ တောင်းပန်သည်။

“ကျုပ် ကျုပ်ကို အဲလောက်ကြီး အပြစ်မတင်ပါနဲ့ဗျာ။ ကျုပ်ဘာမှ မလုပ်ခဲ့ပါဘူး။ တကယ်ပါ”

“ထွက်ခဲ့စမ်း”

ရွှဲ့ချန်ကျီ ကြမ်းတိုက်ဖတ်ကို အောက်သို့ချ၍ ချန်ရှီကို တောင်းဆိုပြန်သည်။

“ဆရာချန်၊ ကျုပ်အကြောင်း ခင်ဗျားအသိဆုံးပါ။ ကျုပ်က လူသတ်သမားမဖြစ်နိုင်ဘူးလေ။ အဲဒီ့ညက ကျုပ်အဖေသေလို့ အလုပ်အရမ်းရှုပ်နေတာပါ။ သူနာပြုလေးတစ်ယောက်ကို အကြောင်းမရှိဘဲ ဘာလို့သတ်မှာလဲ”

“ဗျူရိုကိုရောက်မှ ဆက်ပြောတာပေါ့”

“ကျုပ်ကို အဲလိုတော့ မဆက်ဆံပါနဲ့။ ကျုပ်သာမကူညီခဲ့ရင် ခင်ဗျားသမီး လမ်းသရဲတွေလက်ချက်ကြောင့် ဒုက္ခရောက်ခဲ့မှာပါ။ ကျုပ်ကို ဒီလို မစွပ်စွဲပါနဲ့”

ဒရိုင်ဘာစုံထောက် ချန်ရှီWhere stories live. Discover now