ချစ်ရာမရောက် (၁၁)

173 26 0
                                    

အခန်း (၆၃) နတ်ဘုရားကလောင်

နောက်တစ်ကြိမ် အတောင်ကျိုးသည့်ငှက်လို ဖြစ်သွားပြန်သည်။ စိတ်ပျက်လက်ပျက် စခန်းသို့ ပြန်သွား၍ လင်းချွေ့ဖူကို ရှာသည်။ လင်းချွေဖူက ဆရာလီနှင့် သူ့ရှေ့နေကို စကားပြောနေဟန်ရှိသည်။

စစ်ဆေး‌ရေးရုံးခန်းတံခါးဝတွင် လင်းတုန်ရွှဲ့ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။

“ငြိမ်ငြိမ်ရပ်နေစမ်းပါ။ မင်းကိုကြည့်ရတာ ငါတောင်ခေါင်းမူးလာပြီ”

ရှုရှောင်တုန်က ပြောသည်။

“ဆရာလီဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

လင်းတုန်ရွှဲ့ ခြေလှမ်းရပ်၍ သူ့ဘာသာရေရွတ်လိုက်သည်။

“ဟား၊ မင်းပုံစံက စုံထောက်ကိုနင်နဲ့ နည်းနည်းတူလာပြီ”

“လိင်စိတ်ကြွဆေး။ သေဆုံးသူအစာအိမ်ထဲမှာ အုဲဒီ့ဆေး ဘာလို့ရှိနေတာလဲ။ ခန္ဓာကိုယ်ကို ခုတ်ဖြတ်တုန်းက ထိုးထည့်ခဲ့တာလား”

“မဖြစ်နိုင်ဘူး။ ဆေးစစ်ချက်မှတ်တမ်းကို ငါကြည့်ပြီးပြီ။ အစာအိမ်က အကောင်းပကတိအတိုင်း ရှိနေတယ်”

ရှုရှောင်တုန်စကားကို လင်းတုန်ရွှဲ့ အရေးမစိုက်။ သူ့ခေါင်းထဲမှ အတွေးစများကို ဆက်စပ်ကြည့်နေသည်။

“ဘယ်နားမှာ မှားသွားတာလဲ။ ဘယ်နေရာမှာ မှားနေတာလဲ”

သူခေါင်းကုတ်နေသည်။

“ဆံပင်တွေကို ကုတ်ဆွဲမနေပါနဲ့။ ထိပ်ပြောင်လာဦးမယ်”

ထိုစဉ် ရုံးခန်းထဲမှ လင်းချွေ့ဖူ၏ ဒေါသတကြီးအော်ဟစ်သံ ပေါ်လာသည်။

“ပေါက်တတ်ကရတွေပြောမနေနဲ့။ မင်းတို့က အပြစ်လွတ်အောင် အကြောင်းပြချက်ပေးနေတာပဲ”

“ကပ္ပတိန်လင်း၊ စိတ်ငြိမ်ငြိမ်ထားပါ။ ကျုပ်အမှုသည်ကိုယ်တိုင် ဒီလိုပြောခဲ့တာပါ”

နောက်ထပ်စကားသံတစ်ခုက နှစ်သိမ့်သည်။

လင်းချွေ့ဖူ တံခါးကိုကန်ဖွင့်၍ ရဲတစ်ယောက်ကို ခေါ်သည်။

“ကိုယ်ပိုင်ကျောင်းကိုသွား။ မေရီဆိုတဲ့ ကလေးမကိုရှာပြီး ဒိကိုခေါ်လာခဲ့”

ဒရိုင်ဘာစုံထောက် ချန်ရှီWhere stories live. Discover now