ချစ်ရာမရောက် (၉)

181 24 0
                                    

အခန်း (၆၁) အလည်

ထိုစိတ်ကူးကို ရှုရောင်တုန်က တွေးမိခြင်းဖြစ်သည်။ အကောင်းဆုံးမဟုတ်သော်လည်း အဆင်ပြေရှိသည်ဟု ယူဆကြသည်။ ထို့ကြောင့် ရဲအရာရှိများက တုလိုင်၏မိဘများထံ ဖုန်းဆက်၍ တုလိုင်သေဆုံးကြောင်း အကြောင်းကြားသည်။ ဖုန်းတစ်ဘက်မှ ဇနီးမောင်နှံ၏ ငိုရှိုက်သံကိုကြားရသည်။

ရဲအရာရှိက အားတုံ့အားနာလေသံဖြင့်

"ခင်ဗျားတို့ ဒီကိစ္စကို လိမ်..လိမ်ထားပေးကြပါဗျာ။ အဘွားကြီး မသိပါစေနဲ့"

ဆယ်မိနစ်ကြာပြီး‌နောက် တံခါးဝမှ အဘွားအို၏အော်သံ ပေါ်လာသည်။

"လိုင်လိုင်ကို နင်တို့ခေါ်သွားတာပေါ့လေ။ ခွေးသူတောင်းစားတွေ၊ ငါ့ကိုဘာလို့ အစကတည်းကမပြောတာလဲ။ ဘာမှမဖြစ်ရင်လည်း မဖြစ်ဘူးလို့ပြောပေါ့။ ငါ့မှာစိုးရိမ်လိုက်ရတာ။ ရာသီဥတုက အရမ်းအေးတယ်။ ညရောက်ရင် လိုင်လိုင်ကို ‌စောင်ထူထူခြုံပေးပါ။ အအေးမိရင် နေမကောင်းဖြစ်လိမ့်မယ်။ ပြီးတော့ နှစ်သစ်ကူးချိန်ရောက်ရင် သူ့အဘွားကိုလာတွေ့ဖို့ မမေ့နဲ့လို့ပြောပါ"

ရှုရှောင်တုန် သက်ပြင်းတစ်ချက်ချသည်။

"အခုလောလောဆယ်တော့ အဆင်ပြေမှာပါ"

"ခဏပေါ့"

လင်းတုန်ရွှဲ့က ပြောသည်။

တိုက်ခန်းထဲမှ ထွက်လာပြီးနောက် အားလုံးစိတ်များလေးလံထိုင်းမှိုင်းနေကြသည်။ လင်းတုန်ရွှဲ့က ဝမ်ကျင်းစုန့်အိမ်သို့ သွားကြည့်ချင်သည်။ ထို့ကြောင့် တိုက်တန်းမန်နေဂျာဆီ သွားစုံစမ်းသည်။ သို့သော် ဝမ်ကျင်းစုန့်အိမ်သို့ရောက်ပြီး တံခါးခေါက်ချိန်တွင် တံခါးလာဖွင့်သူမရှိ။

"အိမ်နီးနားချင်းတွေကို မေးကြည့်မလား"

ရှုရှောင်တုန်က အကြံပြုသည်။

အိမ်နီးချင်းများကို တံခါးခေါက်၍ မေးကြသည်။ သို့သော် သူတို့လည်း ဝမ်မိသားစု ဘယ်ရောက်နေမှန်း မသိကြ။ ထမင်းစားထွက်ခြင်းဖြစ်မည်ဟု ခန့်မှန်းကြသည်။

လင်းတုန်ရွှဲ့ ကော်ရစ်ဒါတွင် ရပ်စောင့်နေသည်။

"ဒီမိသားစုကို မင်းသံသယဖြစ်လို့လား"

ဒရိုင်ဘာစုံထောက် ချန်ရှီWhere stories live. Discover now