ဓနအက်ကြောင်း

74 12 0
                                    

အခန်း (၁၄၉) လူချမ်းသာ

(**အမှုတွဲအသစ်ဖြစ်တဲ့ “ဓနအက်ကြောင်း” စပါပြီခင်ဗျ။ “အမှုတွဲနှစ်ခုဆက်” ဖြစ်ပါတယ်။ အပိုင်း ၁၈၈ ရောက်မှ အဆုံးသတ်တယ်လို့ ပြောရမှာပါ။ အတော်ကောင်းတဲ့ ဇာတ်လမ်းပါ။ စိတ်ရှည်ရှည် ဖတ်ရှုအားပေးကြပါခင်ဗျ။)

ဆောင်းရာသီအားလပ်ရပ်မတိုင်မီ ဖိုင်နယ်စာမေးပွဲအကဲဖြတ်ရလာဒ်များ ထွက်လာသည်။ ကျောင်းသူကျောင်းသားများ ကျောင်းကြော်ငြာဘုတ်ရှေ့တွင် ဝိုင်းအုံနေသည်။ သူတို့ရမှတ်အဆင့်များကို အလုအယက်တိုးဝှေ့ရှာဖွေနေကြသည်။

ကြော်ငြာဘုတ်ပေါ်ရှိ ရမှတ် ၄၂၀ အထက်တွင် မျဉ်းကြောင်းတစ်ခု ဆွဲထားသည်။ ကျန်းမာလီ သူ့ရမှတ်ကိုကြည့်သည်။ အမှတ် ၄၂၇ မှတ်။ အန္တရာယ်ဇုံမှ လွတ်ရုံလောက်သာဖြစ်သော်လည်း လက်နှစ်ဘက်မြှောက်၍ ဝမ်းသားအားရ သူအော်ဟစ်လိုက်သည်။ တရုတ်နှစ်သစ်တွင် သူ့ဆွေမျိုးများအားလုံးက နားဒုက္ခပေးကြမည့်အဖြစ်မှ သူ့ကိုယ်သူ ကယ်တင်လိုက်နိုင်ပြီဖြစ်သည်။

ထောင်ယွဲ့ယွဲ့နာမည်ကို သူဆက်ရှာကြည့်သည်။ အတော်ကြာအောင်ရှာပြီးနောက် ပထမဆင့်တန်းတွင် ထောင်ယွဲ့ယွဲ့နာမည်ကို တွေ့သည်။ တစ်ကျောင်းလုံးတွင် အဆင့် ၁၂၊ သူ့အခန်းထဲတွင် အဆင့် ၂ ရသည်။

ကျန်းမာလီ ပါးစပ်အဟောင်းသားဖြစ်သွားပြီး အတန်းထဲသို့ အမြန်ပြန်ပြေးသည်။ ထောင်ယွဲ့ယွဲ့က သူ့ထိုင်ခုံတွင်ထိုင်၍ ဝတ္ထုတစ်အုပ် ဖတ်နေသည်။

“ထောင်ယွဲ့ယွဲ့၊ ထောင်ယွဲ့ယွဲ့၊ စာမေးပွဲမှာ နင်အဆင့်ဘယ်လောက်ရလဲသိလား။ တစ်ကျောင်းလုံးမှာ အဆင့် ၁၂။ အခန်းထဲမှာ အဆင့် ၂ ရတယ်”

ကျန်းမာလီ ဝမ်းသာအားရပြောသည်။

“အဲလောက်လည်း အံ့ဩစရာမရှိပါဘူး။ ဆရာမက ငါ့ကိုပြောပြီးပါပြီ”

“နင်ခိုးဖြေခဲ့တာလား။ နင်က ကျောင်းပြောင်းလာတာတောင် သိပ်မကြာသေးဘူးလေ”

ထောင်ယွဲ့ယွဲ့ ရယ်လိုက်သည်။

“ဒီစာမေးပွဲက အတော်လွယ်ပါတယ်”

“လွယ်တယ်တဲ့လား။ နင့်ဦးနှောက် ကြောင်နေပြီလား။ ငါ့ကို တစ်ခုခုလိုက်ကျွေးရမယ်။တစ်ခုခုလိုက်ကျွေး”

ဒရိုင်ဘာစုံထောက် ချန်ရှီWhere stories live. Discover now