သူလျှို (၂)

121 18 0
                                    

အခန်း (၁၁၆) အမှုထဲက အမှု

ဇန်နဝါရီ ၄ ရက်တွင် အွန်လိုင်းအင်ပါယာအမှုကို ရုံးတင်စစ်ဆေးသည်။ လင်းတုန်ရွှဲ့နှင့်ချန်ရှီတို့လည်း သွားနားထောင်သည်။ ရဲတပ်ဖွဲ့စုစည်းထားသည့် သက်သေက အတော်စေ့စပ်သည်။ ခိုင်မာသည်။ နေ့တစ်ဝက်ကြာ စစ်ဆေးပြီးနောက် တရားခံတန်ကျုံးမင်ကို ကြိုတင်ကြံစည်လူသတ်မှုဖြင့် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်လိုက်သည်။

စစ်ဆေးနေစဉ်အတွင်း တန်ကျုံးမင်က ထိုအမှု သူနှင့်မသက်ဆိုင်သကဲ့သို့ ငေးကြောင်နေသည်။ ရဲများက သူ့ကိုခေါ်သွားချိန်တွင် ရုတ်တရက် ရုန်းထွက်၍ သူ့ရှေ့နေကို စကားတစ်ခွန်းပြောသည်။ ထို့နောက် ရဲများက သူ့ကို အတင်းဆွဲခေါ်သွားသည်။

ချန်ရှီ ရှေ့နေဆီ လျှောက်သွားပြီးမေးသည်။

"ခုနက သူခင်ဗျားကို ဘာပြောသွားတာလဲ။ ကျုပ်တို့က ဒီအမှုမှာ ပါဝင်ခဲ့တဲ့ ရဲအရာရှိတွေပါ။ သူပြောတဲ့စကားက အမှုနဲ့သက်ဆိုင်မှုရှိမရှိ သိချင်လို့ပါ"

လင်းတုန်ရွှဲ့က ချန်ရှီနားကပ်၍ တီးတိုးပြောသည်။

"ရှင်က ရဲလိုဟန်ဆောင်တဲ့အခါ လုံးဝမျက်တောင်မခတ်တော့ဘူးနော်"

"အမှုနဲ့ ဘာမှမသက်ဆိုင်လောက်ပါဘူး"

ရှေ့နေက ပြန်ပြောသည်။

"ရှန်ရှီကုမ္ပဏီကို ဖုန်းဆက်ပြီး နောက်နှစ်နှစ်ဆယ်ကြာပြီးရင် သူဂိမ်းဆက်ဆော့လို့ရမရ ကျုပ်ကိုမေးခိုင်းတာပါ"

"တကယ့်ကစားသမားအစစ်ပဲ"

တရားရုံးမှ ထွက်လာပြီးနောက် ချန်ရှီက ပြောသည်။

"ဟိုကလေးမ ထောင်ယွဲ့ယွဲ့က လူတိုင်းမျက်လုံးပြူးရတဲ့ကိစ္စတစ်ခု လုပ်ခဲ့တယ်"

"ဒီတစ်ခါ ဘာဖြစ်ပြန်ပြီလဲ"

လင်းတုန်ရွှဲ့ ပြန်မေးသည်။

ချန်ရှီက ဖြစ်ခဲ့သည့်ကိစ္စကို ပြန်ပြောပြသည်။ လင်းတုန်ရွှဲ့ အံ့အားသင့်သွားသည်။

"တကယ်လား။ သူ့နည်းလမ်းတွေက ရာဇဝတ်သားတွေ လုပ်ပုံကိုင်ပုံနဲ့တောင် ယှဉ်လို့ရနေပြီပဲ"

ဒရိုင်ဘာစုံထောက် ချန်ရှီWhere stories live. Discover now