မရဏနှောင်ကြိုး (၁၀)

66 11 0
                                    

အခန်း (၁၄၇) ထောင်ချောက်

ရွှဲ့ချန်ကျီ နိုးလာချိန်တွင် အမူးနာကျနေသည်။ တစ်ခေါင်းလုံး ကိုက်ခဲနေသည်။ မျက်နှာသစ်ပြီးချိန်တွင် ထန်ဟွေ့က ရေချိုးခန်းထဲတွင် မျက်နှာသေဖြင့် ပစ္စည်းတစ်ချို့ မီးရှို့နေသည်ကို တွေ့ရသည်။

ရွှဲ့ချန်ကျီ ဈေးဝယ်အိတ်တစ်လုံးထဲသို့ ရေစိုနေသည့် တစ်ရှူးများကို အောက်ခြေတွင် အခခံထည့်သည်။ ထန်ဟွေ့က မီးရှို့ထားသည့်ပြာမားအားလုံး အိတ်ထဲသို့ လောင်းချသည်။ တစ်ခြားအိတ်တစ်ချို့ဖြင့် ထပ်မံထုပ်ပိုးသည်။

အိမ်က ပူနွေးနေသော်လည်း အေးစက်နေသယောင်ရှိသည်။

ရွှဲ့ချန်ကျီက တိတ်ဆိတ်မှုကို အရင်ဖြိုခွဲလိုက်သည်။

“ဒီကိစ္စပြီးသွားရင် ကွာရှင်းဖို့စီစဉ်ကြတာပေါ့”

“ဘာလို့လဲ”

ထန်ဟွေ့က အေးစက်စက်မေးသည်။

“ဘာလို့လဲ၊ ဟုတ်လား”

ရွှဲ့ချန်ကျီ ဒေါသထွက်သွားသည်။

“ငါ့အဖေကို မင်းသတ်ခဲ့တယ်လေ”

“အခုတော့ သူ့အသက်က ပိုပြီးတန်ဖိုးရှိတယ်‌ပေါ့”

“အခုငါ့မှာ သူ့ကိုဆေးကုဖို့ ငွေရှိတယ်လေ။ အရင်ကနဲ့မတူဘူး။ အရင်က ငါတို့မှာ ရွေးစရာမရှိလို့ အဲလိုလုပ်ခဲ့တာ”

“မမေ့လိုက်ပါနဲ့ မစ္စတာရွှဲ့။ ကျွန်မအမေသာ ရုတ်တရက်သေမသွားခဲ့ရင် ရှင်ဘာကောင်မှဖြစ်လာဦးမှာမဟုတ်ဘူး။ ကျွန်မအမေ ဘဝကိုခံစားခွင့်မရှိရင် ရှင့်အဖေလည်း ခံစားဖို့မထိုက်တန်ဘူး”

“မင်းတကယ်ရက်စက်တဲ့မိန်းမပဲ”

ရွှဲ့ချန်ကျီ အံကိုတင်းတင်းကြိတ်လိုက်သည်။

“ကျွန်မကလား၊ ရက်စက်တယ်ပေါ့။ အရင်တုန်းက ကျွန်မ အများကြီး အနစ်နာခံခဲ့ရတယ်။ ရှင့်ကို ရဲမတိုင်ခဲ့ဘူး။ ကျွန်မတို့ဘဝက အတူတူချည်နှောင်ထားတာ။ ဘယ်သူက ဘယ်သူ့ကိုမှ ထားသွားလို့မရဘူး။ သေအတူရှင်မကွာပဲ”

ရွှဲ့ချန်ကျီ ဒေါသထွက်လွန်းသဖြင့် နှုတ်ခမ်းများ တဆတ်ဆတ်တုန်နေသည်။ ထိုစဉ် အောက်ထပ်မှ တံခါးဘဲလ်သံ မြည်လာသည်။ ရွှဲ့ချန်ကျီ တံခါးဘဲလ်စကားပြောစက်ကို ကောက်ကိုင်၍ ခပ်တင်းတင်းမေးလိုက်သည်။

ဒရိုင်ဘာစုံထောက် ချန်ရှီWhere stories live. Discover now