အခန်း (၅၀) ဟန်ဆောင်ခြင်း
“ဘာဖြစ်လို့လဲ”
လင်းချွေ့ဖူက မေးသည်။
“နှစ်သစ်ပွဲတော်အတွက် ပစ္စည်းတွေ ဝယ်ရဦးမယ်။ နောက်သုံးရက်ဆို နှစ်သစ်ကူးအကြိုနေ့ ရောက်ပြီ။ နှစ်သစ်ကူးချိန်လေးကို ငါငြိမ်းငြိမ်းချမ်းချမ်း ဖြတ်ကျော်ချင်တယ်”
လင်းချွေ့ဖူ မျက်ခုံးနှစ်ဘက်မြင့်တက်သွားသည်။
“ခင်ဗျားအကြောင်းပြချက်က အဲဒါလား”
လင်းတုန်ရွှဲ့က ဝင်ရှင်းပြသည်။
“တကယ်တော့ ရှင့်ကိုကူညီခိုင်းဖို့ မရည်ရွယ်ပါဘူး။ စုန့်လန်အဖြစ်ဟန်ဆောင်ခိုင်းပြီး လူတစ်ချို့လွှတ်ဖူးတယ်။ ဒါပေမယ့် သူကချက်ချင်း တန်းသိတယ်။ ဒါကြောင့် ကျွန်မတို့က ရှင့်ကိုစမ်းသပ်ကြည့်ချင်တာပါ”
“ငါက စုန့်လန်နဲ့ ဘယ်လောက်တူနေလို့လဲ”
“အသက်က အတူတူလောက်ပဲ။ ပြီးတော့ ဟန်ပန်...အဲဒါလည်း နည်းနည်းတော့တူတယ်”
လင်းချွေ့ဖူ သိပ်စိတ်မပါသော်လည်း ဝန်ခံရသည်။
ချန်ရှီ ခေါင်းခါသည်။
“သူက မီဒီယာကို အသိပေးပြီးပြီလို့ပြောတယ်။ ဒီအမှုက မြို့တော်တစ်ခုလုံးမှာ အာရုံစိုက်စရာ ဖြစ်လာမှာပဲ။ ဒီလောက်လူအာရုံစိုက်ကြမယ့်အမှုမှာ ငါ့မျက်နှာ ထုတ်မပြချင်ဘူး။ ဒါကြောင့် ဒီအလုပ်ကို ငါလက်မခံဘူး။ တစ်ခြားကျွမ်းကျင်သူတစ်ယောက်ကိုပဲ ရှာလိုက်ပါ။ ငါပြန်တော့မယ်”
ချန်ရှီ ထောင်ယွဲ့ယွဲ့ကိုခေါ်၍ လှည့်ထွက်လိုက်သည်။ ထိုစဉ် သူ့နောက်မှ စည်းဝေးခန်းတံခါး ဝုန်းခနဲပွင့်သွားသည်။ လုချီရှင်းမျက်လုံးက ချန်ရှီ၏ကြောပြင်ကို စိုက်ကြည့်နေသည်။
“ဆရာစုန့်။ မင်း မင်းက ဆရာစုန့်ပဲ”
လုချီရှင်း ဝမ်းသာအားရ လှမ်းအော်သည်။
ချန်ရှီ သက်ပြင်းချ၍ နောက်လှည့်ကြည့်သည်။
“မဟုတ်ပါဘူး။ ခင်ဗျား လူမှားနေပြီ”
သို့သော် သူ့မျက်နှာကိုမြင်သည်နှင့် လုချီရှင်း ပို၍ပျော်သွားဟန်ရှိသည်။ စိတ်လှုပ်ရှားမှုကြောင့် တစ်ကိုယ်လုံးတုန်နေသည်။
YOU ARE READING
ဒရိုင်ဘာစုံထောက် ချန်ရှီ
Mystery / Thrillerရန်သူတစ်ယောက် အမှုဆင်ချောက်ချခဲ့လို့ မျက်နှာပုံပြောင်းပြီး အငှားယာဉ်ဒရိုင်ဘာဖြစ်လာရသူ ချန်ရှီ။ သို့မဟုတ် တစ်ချိန်က ပါရမီရှင်စုံထောက်ကျော် စုန့်လန်။ တရားမျှတမှုကို လိုလားစိတ်ကြောင့်လား... ဖျောက်မရသည့် စုံထောက်ဗီဇကြောင့်လား... ဒါမှမဟုတ် ကံကြမ္မာသတ်မ...