အချစ်မောဟ

168 22 0
                                    

အခန်း (၁၀၁) မငြိမ်းချမ်းသော ခရစ်စမတ်အကြို

(**အမှုသစ်စပါပြီ။ “အချစ်မောဟ” လို့ အမည်ပေးထားပါတယ်)

လင်းတုန်ရွှဲ့ ပြန်ရောက်လာသည်။

“ရှင်တို့နှစ်ယောက် ဘာတွေများ ဒီလောက်အားတက်သရော ဆွေးနွေးနေတာလဲ”

“ဂိမ်းအကြောင်းပါ”

ရှုရှောင်တုန် ပြန်ဖြေသည်။

“ဟား...ရှင်တို့ယောက်ျားတွေအားလုံး ဒီလိုချည်းပဲ။ ဂိမ်းမရှိရင် မနေနိုင်ကြဘူးလား”

လင်းတုန်ရွှဲ့ ထိုင်ခုံတစ်ခုယူထိုင်သည်။

“အခုရက်ပိုင်း မင်းတို့ဘာအမှုတွေစုံစမ်းနေကြတာလဲ”

“အသက်အာမခံငွေလိမ်လည်တဲ့အမှုပါ။ တကယ်ထူးခြားတဲ့အမှုမျိုးပဲ။ နယ်တွေဘက်ကိုဆင်းပြီး ဆင်းရဲတဲ့လူတွေကို အသက်အာမခံလုပ်ဖို့ စည်းရုံးတယ်။ အာမခံစာချုပ်ချုပ်ပြီးတာနဲ့ ဆရာဝန်တွေကို အဲဒီဆင်းရဲသားတွေရဲ့ မျက်လုံးကိုဖေါက်ထုတ်ခိုင်းတယ်။ ပြီးတော့ အာမခံကြေးတောင်းခိုင်းတယ်လေ။ စာချုပ်ချုပ်ထားတဲ့ ဆင်းရဲသားတွေက အာမခံကြေးတစ်ဝက်ရတယ်။ သူတို့ကိုစည်းရုံးပေးတဲ့ လူလိမ်အဖွဲ့က ကျန်တဲ့တစ်ဝက်ရတယ်။ လုန်အန်းက အာမခံကုမ္ပဏီတစ်ဒါဇင်ကျော်လောက် ခံလိုက်ရပြီးပြီ။ အဲဒီကုမ္ပဏီအတူစုပေါင်းပြီး ဒီအမှုကို စုံစမ်းပေးဖို့ ရဲဌာနကို တောင်းဆိုကြတာ”

“လူလိမ်တွေကို ဖမ်းမိပြီလား”

ချန်ရှီမေးသည်။

“မမိသေးဘူး။ အဆင့်နိမ့်အဖွဲ့ဝင်တွေကိုပဲ မိတယ်။ အထက်ကလူတွေ ဘယ်သူဆိုတာ သူတို့ကိုယ်တိုင်တောင် မသိကြဘူး။ အားလုံးက အလုပ်လက်မဲ့တွေပဲ။ စဉ်းစားတွေးခေါ်နိုင်တဲ့ဉာဏ်လည်း မရှိကြဘူး”

“မျက်လုံးတစ်လုံးအတွက် ဘယ်လောက်ရလဲ”

“လူဆင်းရဲတွေအတွက် ယွမ်နှစ်သိန်းနဲ့သုံးသိန်းကြားရတယ်။ အဲလောက်ဆိုရင် သူတို့အတော်ပျော်နေပြီလေ။ သူတို့ရဲ့ ဆွေမျိုးမိတ်ဆွေ မိသားစုဝင်တွေကိုတောင် “အရောင်းမြှင့်တင်ပွဲ”မှာပါဝင်ဖို့ ခေါ်လာကြတယ်”

ဒရိုင်ဘာစုံထောက် ချန်ရှီWhere stories live. Discover now