အခန်း (၄၁) တရားဝင်အမှုဖွင့်ခြင်း
နောက်တစ်နေ့တွင် ချန်ရှီက တိုက်မိထားသည့်ကားကို ဝပ်ရှော့သို့ပို့ပြီး ဘတ်စ်ကားဖြင့် ရဲစခန်းသို့ သွားသည်။
အောက်တိုဘာ ၇ ရက်။
ခေါင်းပြတ်မိန်းကလေးအလောင်းအမှုကို တရားဝင်အမှုဖွင့်သည်။ မနက်ပိုင်း အမှုဆွေးနွေးပွဲပြီးသွားသည်။ လင်းချွေ့ဖူ သူ့အယူအဆကို ယုံကြည်နေဆဲဖြစ်သည်။ အမှုဖြစ်သည့် နေရာအနေအထားနှင့် သက်သေများက လက်ရှိသတိမေ့နေသည့် အလိုရှိရာဇဝတ်ကောင်ကိုသာ ဦးတည်နေသည်။ ‘ကျား’နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရမည်။
လင်းတုန်ရွှဲ့နှင့် ရှုရှောင်တုန်တို့တာဝန်ကိုလည်း သူရှင်းပြသည်။ နှစ်ယောက်လုံး ချန်ရှီအမှုစုံစမ်းရာတွင် ကူညီရမည်။
ထိုစကားကြားသည်နှင့် နှစ်ယောက်လုံးပျော်သွားသည်။ တစ်ယောက်က လင်းချွေ့ဖူ သဘောထားပြောင်းပြီး ချန်ရှီနှင့် ပူးပေါင်းဆောင်ရွက်နေသဖြင့် ပျော်သည်။ နောက်တစ်ယောက်က လင်းတုန်ရွှဲ့နှင့် တွဲဘက်တာဝန်ယူရသည့်အတွက် ပျော်သည်။
ချန်ရှီရောက်လာချိန်တွင် နှစ်ယောက်လုံး ရဲစခန်းတံခါး၌ စောင့်နေကြသည်။ ရှုရှောင်တုန်က စိတ်အားထက်သန်စွာဖြင့်
“အကိုချန် မနက်စာစားပြီးပြီလား။ ကျုပ်ကျွေးမယ်လေ”
“မင်းဘာလို့ ဒီလောက်ပျော်နေတာလဲ”
ချန်ရှီ ပြုံး၍မေးလိုက်သည်။
“ပျော်တာပေါ့။ အကိုချန်နဲ့အတူ အမှုစုံစမ်းရတော့မယ်။ ကျုပ်က အလကားနေရင်း နာမည်ကောင်းရမယ့် အခွင့်အရေးပေါ်လာပြီလေ။ ပြီးတော့...”
လင်းတုန်ရွှဲ့ကို အဓိပ္ပါယ်ပါပါ သူတစ်ချက်ကြည့်လိုက်သည်။
“အဲလောက် ဝမ်းသာမနေနဲ့ဦး။ ငါနဲ့အတူ အမှုစုံစမ်းရတာ လွယ်မှာမဟုတ်ဘူး”
“နားလည်ပါတယ်ဗျာ၊ သွားစို့၊ မနက်စာလိုက်ကျွေးမယ်”
“မဟုတ်ဘူး၊ ငါတို့ အချိန်လုပြီးလုပ်မှဖြစ်မယ်။ ဒီနေ့ သေဆုံးသူရဲ့နောက်ခံကို စုံစမ်းကြစို့။ ကပ္ပတိန်ဖန် ပြန်ရောက်ပြီလား”
YOU ARE READING
ဒရိုင်ဘာစုံထောက် ချန်ရှီ
Bí ẩn / Giật gânရန်သူတစ်ယောက် အမှုဆင်ချောက်ချခဲ့လို့ မျက်နှာပုံပြောင်းပြီး အငှားယာဉ်ဒရိုင်ဘာဖြစ်လာရသူ ချန်ရှီ။ သို့မဟုတ် တစ်ချိန်က ပါရမီရှင်စုံထောက်ကျော် စုန့်လန်။ တရားမျှတမှုကို လိုလားစိတ်ကြောင့်လား... ဖျောက်မရသည့် စုံထောက်ဗီဇကြောင့်လား... ဒါမှမဟုတ် ကံကြမ္မာသတ်မ...