ချစ်ရာမရောက် (၄)

182 24 2
                                    

အခန်း (၅၆) မောင်နှမပြဿနာ

အလောင်းခွဲစိတ်မှုပြီးသွားပြီးနောက် ချန်ရှီ အပြင်ထွက်လာသည်။ လင်းတုန်ရွှဲ့က ထိုင်ခုံတစ်ခုတွင် ဒေါသဖြစ်ထွက်နေဟန်ဖြင့် ထိုင်နေသည်။ ချန်ရှီ သူ့ဘေးသို့လျှောက်သွားပြီး မေးသည်။

“ဘာဖြစ်နေတာလဲ။ ပါးစပ်ကြီး တင်းတင်းစေ့ထားပါလား။ ပုလင်းဖွင့်တဲ့ အိုပန်နာတစ်ခု လိုနေပြီထင်တယ်”

“ရှင့်အပူမပါပါဘူး”

“ငါမှန်းကြည့်မယ်။ မင်းအကိုက လူကြားထဲမှာ ဆူငေါက်လိုက်လို့ စိတ်ဆိုးနေတာမဟုတ်လား”

သူ့စကားက ဒက်ထိမှန်နေသဖြင့် လင်းတုန်ရွှဲ့ နည်းနည်းရှက်သွားပြီး စကားလမ်းကြောင်းပြောင်းသည်။

“စစ်ဆေးချက်ကဘယ်လိုလဲ။ တစ်ခုခု ထူးခြားတာတွေ့ပြီလား”

“လောလောဆယ်တော့ သာမန်အလောင်းခုတ်ဖြတ်မှုလို့ပဲ ပြောရဦးမှာပေါ့”

“သာမန်တဲ့လား”

လင်းချွေ့ဖူ ခွဲစိတ်ခန်းထဲမှ ထွက်လာသည်။

“ချန်ရှီ၊ ခင်ဗျားစကားက နည်းနည်းလွန်လွန်းတယ်မထင်ဘူးလား။ သေတဲ့လူက ဆယ်ကျောက်သက်တစ်ယောက်ပါ။ ဒီလိုလုပ်တာ အရမ်းရက်စက်လွန်းတယ်။ ဒီအမှုကြောင့် လူထုတုံ့ပြန်မှုနဲ့ စိုးရိမ်မှုတွေ အများကြီးဖြစ်လာမှာ အသေအချာပဲ”

လင်းတုန်ရွှဲ့က စိတ်ဆိုးမပြေသေးသဖြင့် သူ့မျက်နှာကိုမကြည့်။ ချန်ရှီက ပြန်ရှင်းပြသည်။

“ငါက နည်းပညာသက်သေအရပဲ ပြောတာပါ။ အခုအခြေအနေက သာမန်အမှုပဲလေ”

“ဒါဆို ခင်ဗျား...”

ခင်ဗျားကိုယ်တိုင် ဒီအမှုကိုဖြေရှင်းကြည့်ပါလားဟု သူပြောလိုခြင်းဖြစ်သည်။ သို့သော် ချက်ချင်းစကားရပ်လိုက်သည်။ ဤဒရိုင်ဘာ အစွမ်းအစထုတ်ပြခဲ့သည်မှာ အကြိမ်ရေမနည်းတော့။ သူ့လှည့်ကွက်ထဲဝင်၍ မဖြစ်။

“ငါက ဘာဖြစ်လို့လဲ။ မင်းငါ့ကို ကူညီစေချင်လို့လား”

ချန်ရှီ ပြုံး၍မေးလိုက်သည်။

“မလိုပါဘူး။ ကျုပ်တို့က အမြဲတမ်းအကူအညီခေါ်နေရတဲ့ အခြေအနေမျိုးမဟုတ်သေးဘူး”

ဒရိုင်ဘာစုံထောက် ချန်ရှီWhere stories live. Discover now