အခန်း (၁၃၇) ပြစ်မှုကွင်းဆက်
အဘိုးအိုသည် တရုတ်ပြုပြင်ပြောင်းလဲရေးစတင်သည့်အချိန်က ပထမဆုံးလုပ်ငန်းရှင်လူစုတွင် ပါဝင်ခဲ့သည်။ သူ့လုပ်ငန်းက ပထမသုံးလေးနှစ်တွင် သိပ်အဆင်မပြေသော်လည်း အဆက်အသွယ်များစွာ ရှာဖွေနိုင်ခဲ့သည်။ ယန်လန်က လုပ်ငန်းနယ်ပယ် ကျွမ်းကျင်ပိုင်နိုင်သည်။
သူတို့ပေါင်းစည်းစတွင် အာမခံကြေးရရန် တစ်ခြားလူများကို ကူညီပေးရုံသာဖြစ်သည်။ဥပမာ ဆရာဝန်ကိုလာဘ်ထိုး၍ အာမခံပိုင်ရှင်များ၏ ရောဂါကို အာမခံစာချုပ်နှင့်ဘောင်ဝင်သည့် ရောဂါမှတ်တမ်းဖြစ်အောင် ပြောင်းခိုင်းသည်။ ဆေးရုံတက်ချိန် တမင်ဆွဲဆန့်ထားခိုင်းသည်။ ထိုလုပ်ငန်းအတွက် သူတို့က ကော်မရှင်ကြေးနည်းနည်းရသည်။
သို့သော် ထိုလုပ်ငန်းလောက်ဖြင့် ငွေများများရှာနိုင်မည်မဟုတ်။ ထို့ကြောင့် အဘိုးအိုက တစ်ခြားလုပ်ငန်းအခွင့်အလန်းများ ရှာဖွေခဲ့သည်။
နောက်ပိုင်းတွင် တီဗွီသတင်းတစ်ခုတွင် လူဆင်းရဲတစ်ယောက် မြင့်မားသည့် ဆေးကုသစရိတ်များ မတတ်နိုင်၍ အဆောက်အဦးတစ်ခုထိပ်မှ ခုန်ချသတ်သေသွားသည်သတင်းကို သူတွေ့သည်။ ထိုလူသေဆုံးမှုသည် ထိုထက်များစွာ တန်ဖိုးရှိသင့်သည်ဟု သူတွေးမိသည်။ အသက်အာမခံစာချုပ်သာ ဝယ်ထားလျှင်၊ စာချုပ်ဝင်ပြီးချိန်မှသာ သတ်သေခဲ့လျှင် ထိုလူ၏မိသားစု ငွေကြေးအမြောက်အများ ရပေလိမ့်မည်။
လူဆင်းရဲများ၏အသက်ကို ငွေဖြင့်အလဲအလှယ်လုပ်ဖို့ သူစိတ်ကူးရလာသည်။ ထိုအလုပ်သည် အပြန်အလှန်အကျိုးရှိသလို လူမှုဝန်းကျင်ကိုလည်း အကျိုးပြုသည်။
လောကတွင် လူဆင်းရဲ များစွာရှိသည်။ငွေအတွက်ကြောင့် အသဲများ ကျောက်ကပ်များ ရောင်းချကြသည်။ သို့သော် ယွမ်သောင်းဂဏန်းလောက်သာရသည်။ သနားစရာကောင်းလှသည်။ ထိုအခြေအနေကို အာမခံလုပ်ငန်းဖြင့် အစားလိုးလိုက်လျှင် လက်ချောင်းလေးများဖြတ်ရုံဖြင့် ငွေသိန်းချီရနိုင်သည်။ ထို့အပြင် တရားဝင် ရသည့်ငွေလည်းဖြစ်သည်။
သူတို့ လူဆင်းရဲများကို စုဆောင်းသည်။ အာမခံစာချုပ်ဝယ်ပေးသည်။ စာချုပ်အသက်ဝင်သည်နှင့် ဆရာဝန်ကို လက်ချောင်းများဖြတ်ခိုင်းသည်။ မျက်လုံးတစ်ဘက် ဖောက်ထုတ်ခိုင်းည်။ လူဆင်းရဲများအတွက် လက်တစ်ချောင်း မျက်လုံးတစ်လုံး ဆုံးရှုံးသွားခြင်းသည် ကိစ္စမရှိ။ ဆင်းရဲမွဲတွေမှုကို ရှင်းထုတ်၍ ချမ်သာနိုင်လောက်အောင် ငွေကြေးအမြောက်အများရသည်။
YOU ARE READING
ဒရိုင်ဘာစုံထောက် ချန်ရှီ
Mystery / Thrillerရန်သူတစ်ယောက် အမှုဆင်ချောက်ချခဲ့လို့ မျက်နှာပုံပြောင်းပြီး အငှားယာဉ်ဒရိုင်ဘာဖြစ်လာရသူ ချန်ရှီ။ သို့မဟုတ် တစ်ချိန်က ပါရမီရှင်စုံထောက်ကျော် စုန့်လန်။ တရားမျှတမှုကို လိုလားစိတ်ကြောင့်လား... ဖျောက်မရသည့် စုံထောက်ဗီဇကြောင့်လား... ဒါမှမဟုတ် ကံကြမ္မာသတ်မ...