အခန်း (၉၈) သွေးကြွေး
မိနစ်နှစ်ဆယ်ခန့်စောင့်ပြီးနောက် စတုတ္ထဆင့်ဂိမ်းသမားက ချတ်ဘောက်စ်မှ အဆက်မပြတ်အော်နေသည်။
“မင်းက လူလိမ်လား ဟေ့ကောင်။ ငါ့ကိုစကားပြန်ပြောစမ်း”
ရှုရှောင်တုန်က ဂိမ်းကုမ္ပဏီသို့ပို့သည့် ရဲစခန်းစစ်ဆေးမေးမြန်းစာကို ချန်ရှီထံပို့သည့်။ ထို့နောက် စာတစ်ကြောင်း ထပ်ပို့သည်။
“ကပ္ပတိန်လင်းကပြောတယ်။ ခင်ဗျားဒီအမှုကို ဒီညဖြေရှင်းနိုင်ရင် သူ့မျိုးရိုးနာမည်ကို ပြောင်းပြန်ရေးပစ်မယ်တဲ့”
“စောင့်နေလို့ ပြောလိုက်ကွာ”
ချန်ရှီ မက်ဆေ့ပြန်ပို့လိုက်သည်။ ထို့နောက် ဂိမ်းချတ်ဘောက်စ်မှ စတုတ္ထဆင့်ဂိမ်းသမားထံ ရဲတပ်ဖွဲ့စစ်ဆေးမေးမြန်းထားသည့်စာကို ဓာတ်ပုံပို့ပေးလိုက်သည်။
“ဟား၊ ခင်ဗျားက တကယ့်ရဲအစစ်ပဲ။ ရိုင်းပြမိရင် ခွင့်လွှတ်ပါ”
“မင်းဘာသိထားလဲဆိုတာ ငါ့ကိုမြန်မြန်ပြောပါ”
“အသံစနစ်ဖွင့်လိုက်ပါ”
အော်ဒီယိုစပီကာကို ဖွင့်ပြီးနောက် တစ်ဘက်မှ ချိုလွင်သည့်မိန်းကလေးသံတစ်ခု ပေါ်လာသည်။
“အခြေအနေက ဒီလိုပါ...ဆေားရီး အသံပြောင်းဖန်ရှင်ပိတ်ဖို့ မေ့သွားတယ်”
အသံပြောင်းဖန်ရှင်ပိတ်ပြီးနောက် ညောင်နာနာယောက်ျားသံတစ်ခု ပေါ်လာသည်။
“အရင်က တစ်ကိုယ်တော်ဓားသမားနဲ့ အရူးပင်လယ်နဂါးက တစ်ဖွဲ့တည်းပါ။ အတူလက်တွဲပြီး ဆာဗာထဲက ပထမဆင့်လူကို တိုက်ခိုက်ခဲ့တယ်။ အဲဒီတုန်းက မာန်အဝင့်ဆုံးလူပေါ့။ နောက်တော့ တစ်ကိုယ်တော်ဓားသမား စိတ်ကူးတစ်ခု ရလာတယ်။ သူတို့ချင်း နှစ်ဖွဲ့ခွဲပြီး ပထမဆင့်လူကို အလှည့်ကြတိုက်ခိုက်ကြဖို့ပေါ့။ အရူးပင်လယ်နဂါးကလည်း သဘောတူတယ်။ ဒါပေမယ့် နှစ်ဖွဲ့ကွဲသွားတော့ ပြဿနာပေါ်လာတယ်။ ဓားသမားအဖွဲ့က မိန်းကလေးကစားသမားတစ်ယောက်က နဂါးအဖွဲ့သားတစ်ယောက်ရဲ့ အီကွေ့မင့်တွေကို လိမ်ယူသွားတယ်”
YOU ARE READING
ဒရိုင်ဘာစုံထောက် ချန်ရှီ
Mystery / Thrillerရန်သူတစ်ယောက် အမှုဆင်ချောက်ချခဲ့လို့ မျက်နှာပုံပြောင်းပြီး အငှားယာဉ်ဒရိုင်ဘာဖြစ်လာရသူ ချန်ရှီ။ သို့မဟုတ် တစ်ချိန်က ပါရမီရှင်စုံထောက်ကျော် စုန့်လန်။ တရားမျှတမှုကို လိုလားစိတ်ကြောင့်လား... ဖျောက်မရသည့် စုံထောက်ဗီဇကြောင့်လား... ဒါမှမဟုတ် ကံကြမ္မာသတ်မ...