သူလျှို (၆)

135 24 2
                                    

အခန်း (၁၂၀) အဆိပ်သင့်သူ

နယ်မြေရဲစခန်းသို့ရောက်ချိန်လာကြသည်။ ရဲအရာရှိများက ဒီဇင်ဘာဆယ်ရက်နေ့တွင် ဖြစ်ခဲ့သည့် အမှုတွဲဖိုင်အားလုံးကို ထုတ်ပြသည်။ ချန်ရှီ အမြန်စစ်ဆေးကြည့်သည်။ အမှုတစ်ခုကို သူအာရုံရောက်သွားသည်။

“ဒီဇင်ဘာ ၁၀ ရက် ည ကိုးနာရီ။ ရှင်းလျန်လမ်း ဇိမ်ခံပစ္စည်းစတိုင်းဆိုင်မှာ ဖြစ်ခဲ့တဲ့ လုယက်မှုတဲ့”

“ဒါပဲ‌ပေါ့”

လင်းတုန်ရွှဲ့လည်း စိတ်လှုပ်ရှားလာသည်။

နယ်မြေရဲအရာရှိက ရှင်းပြသည်။

“အဲဒါကို အဖွဲ့တစ်ခုက ကျူးလွန်တာလို့ ကျုပ်တို့ယူဆပါတယ်။ ဆိုင်တစ်ခုလုံး ဖရိုဖရဲဖြစ်နေတယ်။ ခိုးသွားတဲ့ပစ္စည်းတွေရဲ့ စုစုပေါင်းတန်ဖိုးက ယွမ်ငါးသောင်းလောက်ရှိပါတယ်”

“ဒါကို ခိုးမှုလို့စဉ်းစားရမှာမဟုတ်လား။ ဘာလို့ လုယက်မှုဖြစ်နေတာလဲ”

ချန်ရှီက မေးသည်။

“အဲဒီတုန်း စတိုးဆိုင်မှာ အိပ်ပျော်နေတဲ့ စာရေးတစ်ယောက်ရှိတယ်။ သူ့ကို လုယက်တဲ့လူတွေက ရိုက်နှက်သွားကြတယ်။ အခုထိ ဆေးရုံမှာ သတိမေ့နေတုန်းပဲ။..မြို့တော်ဗြူရိုက ကပ္ပတိန်ဖန်ကိုယ်တိုင် လာပြီးစစ်ဆေးသွားတာပါ”

“အမှုဖြစ်တဲ့အချိန်ကို ကပ္ပတိန်ဖန်က မသိလို့ဖြစ်မယ်။ မဟုတ်ရင် သူကျွန်မတို့ကို ပြောမှာပေါ့”

လင်းတုန်ရွှဲ့က သုံးသပ်သည်။

ချန်ရှီ ဆက်မေးသည်။

“ခင်ဗျားတို့ သံသယဖြစ်စရာလူတွေ တွေ့ထားတာရှိလား”

“မရှိဘူး။ အဲဒီလမ်းမှာ ကာရာအိုကေဘားဆိုင် အတ်ောများများရှိတယ်။ အဲဒီ့ညက ရဲတွေ ရှောင်တခင်ဝင်စစ်ဆေးလို့ အားလုံးတံခါးစောစောပိတ်ထားကြတာ။ စောင့်ကြည့်ကင်မရာတွေလည်း ဖွင့်မထားဘူး။ အဲတော့ ဘာမှတ်တမ်းမှ မရှိဘူး။ လုယက်တဲ့အဖွဲ့က အဲဒီလမ်းအနေအထားကို အတော်ရင်းနှီးပုံရတယ်။ ယာဉ်ကြောထိန်းချုပ်ကင်မရာတွေအားလုံးကို ရှောင်တိမ်းသွားတယ်”

ဒရိုင်ဘာစုံထောက် ချန်ရှီWhere stories live. Discover now