သူလျှို(၁၂)

116 21 0
                                    

အခန်း (၁၂၆) လူသစ်

“ဘာလို့သဘောမတူတာလဲ။ ဒါ တကယ်ကောင်းတဲ့ စိတ်ကူးပဲလေ”

“ဒါက... ငါသဘောမတူလို့ပါ”

လင်းတုန်ရွှဲ့ တုံ့ဆိုင်းနေသည်။ ရှုရှောင်တုန်အဖြစ်က လောလောလတ်လတ်ရှိနေဆဲဖြစ်သည်။ နောက်ထပ်စွန့်စားရမည့်အလုပ်မျိုး သူမလုပ်ရဲ။ ချန်ရှီသည် ရဲမဟုတ်။ အဖမ်းခံရလျှင် ခေါင်းရိတ်ခံရရုံလောက် ရိုးရှင်းမည်မဟုတ်။

“အခုလောလောဆယ် အသွင်ယူခိုင်းတာက အကျိုးဖြစ်ထွန်းနိုင်ခြေ အများဆုံးပဲ။ အန္တရာယ်လည်း များတယ်။ အကိုချန်ကို ရွေးချယ်တာ တကယ်သင့်တော်တယ်လို့ ထင်တယ်။ ငါတို့ မဲခွဲပြီး ဆုံးဖြတ်ကြမလား”

လောင်ကျန်းက ပြောသည်။

ထောက်ခံမဲ ငါးမဲ၊ ကန့်ကွက်မဲ ခြောက်မဲ၊ ကြားနေမဲ့ နှစ်မဲရသည်။ လင်းတုန်ရွှဲ့နှင့် ဖန်စီကြွယ်က ကြားနေသမားများဖြစ်သည်။

“ဒီလိုမဲခွဲနေတာ အဓိပ္ပါယ်မရှိဘူး။ အရေးကြီးဆုံးက သူ့ဆန္ဒပဲ။ သူက ရဲမဟုတ်ဘူး။ သူ့ရွေးချယ်မှုကို ငါတို့ဝင်စွက်ခွင့်မရှိဘူး”

ထိုစဉ် လင်းတုန်ရွှဲ့က စိုးရိမ်နေသည့်လေသံဖြင့်

“သူ့စိတ်ဓာတ်အရဆို ကျွန်မတို့ ဒီအမှုကို စုံစမ်းလို့မရမှန်းသိရင် သေချာပေါက်သွားမှာပဲလေ”

ဖန်စီကျွယ်က သူ့ကိုလှည့်ကြည့်သည်။

“ငါလည်း မင်းလိုပဲ သူ့အတွက် စိုးရိမ်ပါတယ်။ ဒါပေမယ့် သူ့အစွမ်းအစတွေနဲ့ဆို ဒီကိစ္စကို အမှားအယွင်းမရှိ လုပ်နိုင်မယ်လို့ ငါယုံတယ်”

“သူ့စွမ်းရည်တွေက အမှုဖြေရှင်းတာနဲ့ပဲ ဆိုင်တာပါ။ အသွင်ယူတယ်ဆိုတာက သီးခြားကိစ္စပါ”

“မဟုတ်ဘူး။ သူ့အစွမ်းအစက အဲလောက်ပဲ မဟုတ်ဘူး”

“ရှင် သူ့အကြောင်းသိလို့လား”

“သိတယ်”

လင်းတုန်ရွှဲ့စကားသံက နည်းနည်းကျယ်လာသည်။ စကားများရန်ဖြစ်သည့် လေသံမျိုးဖြစ်လာသည်။ လောင်ကျန်းက ဖြန်ဖြေပေးသည်။

ဒရိုင်ဘာစုံထောက် ချန်ရှီWhere stories live. Discover now