ဝမ်ယွဲ့ချယ် (၄)

285 32 0
                                    

အခန်း (၄) ပြစ်မှုသံသယ

ကားဆီသို့ ပြန်ရောက်ချိန်တွင် ချန်ရှီ စီးကရက်ဘူးကိုဆွဲထုတ်၍ ‌မေးသည်။

“ရဲမေလေး၊ ငါတစ်လိပ်လောက်သောက်လို့ရမလား”

“ရှင့်သဘောပဲ”

လင်းတုန်ရွှဲ့ အေးတိအေးစက်ဖြေသည်။

“အော်..ဟုတ်သားပဲ။ ရှင့်ကို အခုချက်ချင်း ငွေပြန်လွှဲပေးမယ်”

ချန်ရှီ သူ့ဖုန်းကိုထုတ်၍ လှမ်းပေးသည်။ ဖုန်းပေါ်တွင် ကျူအာ(QR)ကုတ်တစ်ခုရှိသည်။ လင်းတုန်ရွှဲ့ ငွေလွှဲရန်အတွက် ကျူအာကုတ်ဖတ်ဖို့ပြင်သည်။ သို့သော် ဝီချတ်မိတ်ဆွေသစ်ဖွဲ့သည့် ကျူအာဖြစ်နေသဖြင့် သူမျက်မှောင်ကျုံ့သွားသည်။

“ဒီကျူအာကုတ်က ဘာလဲ။ ဘယ်သူက မိတ်ဆွေဖွဲ့ချင်နေလို့လဲ”

ချန်ရှီက ပြုံး၍ ပြန်မေးသည်။

“ဝီချတ်မှာ ငါ့ကို မိတ်ဆွေအဖြစ်လက်ခံဖို့ကိစ္စလေးက မင်းအတွက် ဘာတွေများ အဲလောက်ခက်ခဲနေလို့လဲ"

“ဘယ်သူက မိတ်ဆွေဖြစ်ချင်နေလို့လဲ။ ရှင်က လူသတ်မှုသံသယတရားခံပါ။ ကျွန်မကို ဒီလိုလာမကစားနဲ့”

လင်းတုန်ရွှဲ့ ခဏစကားရပ်ပြီးနောက် ဆက်မေးလိုက်သည်။

“ရှင် ဘာအကြောင်းရှိလို့ ဒီလိုလုပ်ခဲ့တာလဲ”

“ဘာကိုမေးတာလဲ။ ဘာကိုဘာအကြောင်းလဲ။ ငါ့မှာ ဘာအကြောင်းမှ မရှိပါဘူး”

“ကိုယ်လုပ်ခဲ့တာ ကိုယ်သိမှာပေါ့။ ပြီးတော့ ကျွန်မနဲ့ ဝီချတ်မှာ မိတ်ဆွေဖြစ်အောင် ရှင်တစ်ချိန်လုံး ကြံနေတယ်လေ။ ပထမဆုံး ကျွန်မကိုရဲဖြစ်မှန်းသိရက်နဲ့ ဂရုမစိုက်သလိုဟန်‌ဆောင်တယ်။ နောက်‌တော့ ကျွန်မရှေ့မှာ လူကောင်းတစ်ယောက်လို သရုပ်ဆောင်ပြဖို့ ကြိုးစားတယ်။ ဖိနပ်တစ်ရံနဲ့ ကျွန်မကိုမျှားခေါ်တယ်။ ဒီလိုတွေလုပ်ရုံနဲ့ ကျွန်မကို လှည့်စားလို့ရမယ်မထင်နဲ့။ ကျွန်မလုပ်ဖေါ်ကိုင်ဖက်တွေက ရှင့်နောက်ခံကို သေချာစစ်ဆေးပြီးပြီ”

ချန်ရှီ မချိပြုံးပြုံး၍ ပြန်မေးသည်။

“ငါဘာလုပ်ခဲ့မိလဲဆိုတာ ငါတကယ်မသိပါဘူး။ မင်းပဲ အလင်းပြပေးစမ်းပါဦး”

ဒရိုင်ဘာစုံထောက် ချန်ရှီWhere stories live. Discover now