အချစ်မောဟ (၆)

135 24 0
                                    

အခန်း (၁၀၆) မလုံသည့်အိုး

ဖန်စီကျွယ်နှင့်လင်းတုန်ရွှဲ့တို့ သွားကြည့်ကြသည်။ ရေခဲသေတ္တာထဲမှ အောက်သိုးသိုးအနံ့များ ထွက်နေသည်မှာ အမှန်ဖြစ်သည်။ သို့သော် လေပူစက်က ပုံမှန်အတိုင်း လည်ပတ်နေသည်။

“ဒါတွေ ဝယ်ထားပြီးတော့မှ မစားဖြစ်တာများလား။ သူ့မှာအေအိုင်ဒီအက်စ်ရှိမှန်းသိသွားလို့ အစာစားချင်စိတ်မရှိတော့တာ ဖြစ်မယ်”

လင်းတုန်ရွှဲ့က ပြောသည်။

“ဒါတော့ သိပ်မဖြစ်နိုင်ပါဘူး”

ချန်ရှီ ‌အောက်ဘက်မှ ရေခဲခန်း(ဖရီဇာ)ကို ဖွင့်ကြည့်သည်။ ရေခဲစူးချွန်တစ်ချို့ အရည်ပျော်ကျထားသည်။ ထိုအရည်များက အောက်ကြမ်းပြင်တွင် ပြန်ခဲသွားပြီး ရေခဲပြားကြီးတစ်ခု ဖြစ်နေသည်။

“ရေခဲသေတ္တာက ပါဝါခဏပြတ်သွားတာဖြစ်မယ်။ လောင်ဖန်၊ ဒီလိုအခြေအနေဖြစ်ဖို့ လျှပ်စစ်ပြတ်တောက်မှု ဘယ်လောက်ကြာနိုင်မလဲ”

“မသိဘူး။ စမ်းသပ်ကြည့်မှပဲ သိမယ်”

“မနေ့ညက လျှပ်စစ်ပြတ်သွားတာများလား။ လျှပ်စစ်မီးပြတ်တာဆိုရင် သေဆုံးချိန်ကို ပြန်အကဲဖြတ်ရမယ်”

ချန်ရှီထပ်ပြောသည်။

လင်းတုန်ရွှဲ့က သဘောမတူ။

“ဒီလိုလုပ်ဖို့တော့ မလိုအပ်လောက်ပါဘူး။ ဝမ်ရှီလန်ပြောတယ်လေ။ မနေ့ညက ခုနစ်နာရီမှာ သူဖုန်းကိုင်တယ်တဲ့”

လူခွဲ၍ အိမ်နီးချင်းများထံ သွားစုံစမ်းကြသည်။ အိမ်နီးချင်းများက ထိုတိုက်ခန်းမှမိန်းကလေးသည် အလုပ်ရှိဟန်မတူကြောင်း၊ တစ်နေကုန် အခန်းအောင်း၍ ဂိမ်းဆော့နေပုံရကြောင်း၊ အမှိုက်များကို တံခါးဝတွင် မကြာခဏစုပုံထားတတ်ကြောင်း ပြောကြသည်။

မနေ့ညခုနစ်နာရီအချိန် မည်သည့်အသံဗလံမှ မကြားရဟု ပြောကြသည်။

အမကြီးတစ်ယောက်က သူအပြင်ထွက်လာချိန်တွင် ခုန်ထင်ထင်၏ တံခါးဝ၌ အနက်ရောင်လူရိပ်တစ်ခု ဆောင့်ကြောင့်ထိုင်နေသည်ကို မြင်ကြောင်းပြောသည်။ ထိုလူဘာကိုရှာနေမှန်းတော့ သူမသိ။ ဘယ်သူလဲဟု သူလှမ်းအော်သည်နှင့် ထိုလူထွက်ပြေးသွားသည်။ အမှိုက်အိတ်တစ်ခု ကြမ်းပြင်ပေါ်တွင် ပွင့်လျက်သားကျန်ခဲ့သည်။

ဒရိုင်ဘာစုံထောက် ချန်ရှီWhere stories live. Discover now