အပိုင်း ၁

980 21 1
                                    

အခန်း (၁)♦️🔹🔸☯️

🩸  မှောင်ရီပျိုးမှ 🩸
        အလင်းစစ်   

မင်းသာအမည်-တေဇိုင်း
မင်းသမီးအမည်-မဏိပျို

သူတို့နှစ်ယောက်က မွေးလာတော့လည်း မွေးနေ့အတူတူ အချိန်သာကွာသည် ၊
ငယ်ငယ်ကတည်းက ကျောင်းတက်ကြတော့လည်း တစ်ကျောင်းတည်း
တည့်လားမေးတော့လည်း မတည့်….

သူတို့နှစ်ယောက် မတည့်တာကလည်း အထူးအဆန်းတော့ မဟုတ်ပါဘူး

ဘာဖြစ်လို့လည်းဆိုရင် မိဘတွေက စီးပွားပြိုင်ဘက်တွေမို့ သားသမီးတွေကိုလည်း အမြဲဆုံးမထားတာက သူ့ထက်သာနေရမယ်လို့….

“ဟေ့ကောင် တေဇိုင်း ဟိုမှာ မဏိပျို လာနေပြီကွ
သူ့ဖားသားကြီးက ကားနဲ့ ကိုယ်တိုင်လာပို့တယ်ထင်တယ်”

“အင်း အဲတာဘာထူးဆန်းလို့လဲ”

“အော် ငါတို့အတွက်
မထူးဆန်းပေမဲ့ မင်းအတွက်တော့ ထူးဆန်းတယ်မို့လား”

“ဒီလိုမျိုးကိစ္စထက် ထူးဆန်းတာက သူဘာလုပ်တယ် ဘယ်သွားတယ်ဆိုတာကိုပဲပြော ကျန်တာမပြောနဲ့”

“အေးပါ သိပါပြီ
သကောင့်သားရယ်”

သူတို့အုပ်စု ထို့သို ဝိုင်းမေတ္တာပို့လိုက်ကြသည်…

တေဇိုင်းဟာဆိုရင်ဖြင့်ကျောင်းမှာရှိတဲ့ မိန်းကလေးတွေရဲ့ အသည်းစွဲ နှလုံးသားကျောက်တိုင်

…………...........

မဏိ ဒယ်ဒီကို နှုတ်ဆက်၍ ကားပေါ်ကဆင်းလိုက်ပြီး ဆွဲခြင်းလေးနဲ့ ရေဗူးလေးကို ဆွဲကာ ကျောင်းစိမ်းထမိန်လေးကို ဆွဲချပြုပြင်လိုက်သည်….

ပြီးတဲ့နောက်  ကျောင်းထဲဝင်လာတော့ ကွန့်ပစ်မှာထိုင်နေတဲ့ ဟိုငပေတိုးတို့အုပ်စုကို မြင်လိုက်ရသည်…

မျက်နှာလေးကို မဲ့လိုက်ရင်း နှုတ်ခမ်းလေးထော်၍ ကျောပိုးအိတ်လေးကို လက်နှစ်ဖက်က တင်းတင်းဆုပ်ကိုင်၍

“မနက်စောစောစီးစီး ကျက်သရေကို မရှိဘူး
ဒင်းတို့ကို တွေ့ရတာ

“ဟွန့်… ရုပ်တွေကိုက ပြောင်စပ်စပ်နဲ့ နှာဗူးရုပ်တွေ စောက်ရမ်းအမြင်ကပ်ဖို့ကောင်းတယ်”

Darkness To Light(Completed)Where stories live. Discover now