🩸အခန်း ( ၂၉ )🩸
မှောင်ရီပျိုးမှ အလင်းစစ် 🦋🦋
“အမလေး ကိုမြိုင်ရယ် ဘယ်လိုဖြစ်ရတာလဲ…သမီး…သမီးအဖေက ဘယ်လိုဖြစ်ရတာလဲကွယ်…တော်သေးတာပေါ့ အသက်အန္တရာယ်ကနေ လွတ်သွားလို့”
ဒေါ်တင်မူမူ ယောင်္ကျားဖြစ်သူမူးလဲ၍ ဆေးရုံတင်ထားသည်ဆိုသောကြောင့် အိမ်ကနေ အပြေးတစ်ပိုင်းလိုက်လာခြင်းဖြစ်သည်။
ဒီရောက်တော့ ငိုကြီးချက်မဖြင့် အတော်စိတ်ပူနေသည်။“ဒယ်ဒီ ဘာမှမဖြစ်တော့ပါဘူး ..မာမီ... သက်သာသွားပါပြီ”
“တော်သေးတာပေါ့ မာမီမှာ တစ်လမ်းလုံးဆုတောင်းလိုက်ရတာ Heart attack ဖြစ်တာက အခန့်မသင့်ရင် အသက်ပါဆုံးရှုံးနိုင်တယ်မဟုတ်လား”
"ဘာတွေများ စိတ်ထိခိုက်စရာကြုံသွားလို့ပါလိမ့် လုပ်ငန်းမှာ တစ်ခုခုများဖြစ်လို့လား"
"မဟုတ်ပါဘူး မာမီ"
“သမီးတို့ အခက်ခဲကြီးကိုကျော်ဖြတ်နိုင်ခဲ့ပါပြီ မာမီရယ်”
“ဆရာဝန်ကြီးက ဘာပြောသေးလဲသမီး”
“အထွေအထူးတော့ မပြောပါဘူး
နှလုံးကျန်းမားရေးကို နောက်ပိုင်းကျရင် သေချာဂရုစိုက်ဖို့နဲ့
စိတ်မညစ်စေနဲ့စိတ်ချမ်းသာအောင်ထားလို့တော့ ပြောတယ်
သက်သာလို့ရှိရင်တော့ ၂ ရက်နေရင် ဆေးရုံကဆင်းလို့ရပြီလို့လည်းပြောတယ်မာမီ”“အေး…အေး တော်သေးတာပေါ့ ဆေးရုံကဆင်းလို့ရှိရင်တော့ အိမ်မှာပဲအနားယူခိုင်းရမယ် လုပ်ငန်းကိုပြန်လုပ်ခိုင်းလို့မရသေးဘူး”
ဒေါ်တင်မူမူ လက်တစ်ဖက်ကမျက်ရည်သုတ်လျက် တစ်ဖက်က လက်ပွေ့အိတ်ကြီးကို ကိုင်ထားသည်။
မဏိ မာမီမျက်နှာလေးကိုကြည့်၍ စိတ်ထဲရင်မောရသည်..
ဒယ်ဒီက သတိမရသေးလို့ အခုလိုပြောနေနိုင်တာ သတိရရင်တော့ မဏိကိုစိတ်ဆိုးနေမလား ၊ စိတ်နာသွားမလားဆိုတာ သူမအတွက်တော့ ဖြေရှင်းရမလွယ်သောပုစာ္ဆတစ်ပုဒ်လိုပင်...မှန်းဆရခက်နေသည်။
//////////////////////////////////
“သူငယ်ချင်းရာ တော်ပါတော့ ဒီနေ့တစ်နေကုန်လုံးဘာမှစားရသေးတာမဟုတ်ဘူး အရက်တွေချည်းပဲလှိမ့်သောက်နေတာ…. အလုပ်တွေလည်း ပျက်ကုန်ပြီ”
YOU ARE READING
Darkness To Light(Completed)
Romanceမှောင်ရီပျိုးမှ အလင်းရောင်၏တန်ဖိုးကို သိနိုင်၏.... ထိုအတူပဲ ကျွန်တော်တေဇိုင်းသည်လည်း သူမနဲ့ဝေးကွာပြီးနောက် နက်ရှိုင်းစွာရင်ထဲခံစားလာရတာက အချစ်စစ်တစ်ခု....ထိုအချစ်ကို လှပစွာပုံဖော်ဖိုရာ၌ သူမက ထွက်သွားခဲ့ပြီဖြစ်သည်။ Novels by QUEEN