အပိုင်း ၄

130 3 0
                                    

🩸အခန်း(၄)🩸

“ကျွန်မသားကို သူက
အရင်စထိုးလို့
သားက ပြန်ထိုးတာလေ အုပ်ချုပ်ရေးမှူး”

“ဒါပေမဲ့ သူထိုးတာကလည်း
သူ့သမီးကို
ခင်ဗျားသားက အတင်းဖက်နေလို့ဆို”

“ခင်ဗျားသား ခင်ဗျား ပြန်မေးကြည့်ပါ့လား”

“အို ဘာပဲဖြစ်ဖြစ် လူကြီးတစ်ယောက်အနေနဲ့
လက်အရင်ပါတာကတော့ မကောင်းပါဘူး"

" အရင်ဆုံး ပါးစပ်နဲ့ဖြေရှင်းလို့ရတာပဲလေ ဒါက သက်သက်ကို ကျွန်မရဲ့သားမို့လို့ကို လက်သီးနဲ့ထိုးတာ”

ဒေါ်ခင်မူမူတစ်ယောက် လက်ကြီးပိုက်မျက်နှာကြီးကိုမော့လျက် နှုတ်ခမ်းကို ဆူချိတ်နေသည်…

တေဇိုင်း အမေ ပြောသမျှကို ဝင်လည်းမထောက်ခံသလို
ငြင်းလည်းမငြင်းဘဲ နှုတ်ဆိတ်နေမိသည်….

သူတို့တွေ
ရပ်ကွက်လူကြီးအိမ်ရောက်နေကျကာ အကျယ်ကျယ်နှင့် အငြင်းပွားလျက်ရှိသည်……

………………………………..

“အို ဘာပဲဖြစ်ဖြစ် စိန်မြိုင်ရဲ့သမီးကို လာထိလို့ကတော့
ဘာအကောင်ဖြစ်နေနေ မီးပွင့်သွားမယ်"

“ကျုပ်ကတော့ မကျေနပ်နိုင်ဘူး အုပ်ကြီး
ကျုပ်သမီးမျက်နှာနုနုထွတ်ထွတ်လေးကို ဒီကောင်ထိုးထားတာ မြင်လို့တောင် မကောင်းဘူး”

“အုပ်ကြီး မနိုင်ရင် ကျွန်တော်ကတော့ တရားရုံးသွားမယ်”

ဉီးစိန်မြိုင်လည်း ဒေါသတွေထွက်လျက် နှာတရူရူနဲ့ ဖြစ်နေသည်….

“ဒယ်ဒီရယ် ဒီလောက်နဲ့ သမီးတို့ပြန်ကြပါစို့ ဘာမှလည်း သိပ်ဖြစ်သွားတာမှ မဟုတ်တာ”

“တိတ်စမ်း အဖေက အရှေ့ကနေ ဒီလောက်ထိပြောနေတာ နင်ကဘာဖြစ်နေတာလဲ”

ဒယ်ဒီက အော်တော့ မဏိမျက်နှာလေး ဇီးရွက်လောက်သာကျန်တော့သည်…..

တေဇိုင်းကို ကြည့်လိုက်တော့ မဏိကို ပုခုံးတွန့်ပြလျက် မချေမငံ့ပုံစံလုပ်ပြနေသည်…

မဏိ မျက်စောင်းတစ်ချက်ကို ပယ်ပယ်နှယ်နှယ်ထိုး၍ နှုတ်ခမ်းကိုက်ပြလိုက်သည်…

Darkness To Light(Completed)Where stories live. Discover now