🩸အခန်း ( ၃၆ )🩸
မှောင်ရီပျိုးမှ အလင်းစစ်
❣️💕💞(ဇာတ်သိမ်းပိုင်း)
“ကိုကြီး ဘယ်လိုလုပ်ကြမလဲ တူမလေးကို အဲဒီလူယုတ်မာကောင် မိုက်တန်က ခေါ်သွားပြီ အခုသူတို့နောက်ကို လိုက်နေတာ မမှီတော့ဘူး”
“အဲဒီကောင် ယုတ်မာသွားတာ အခုပဲ ငါ့ဆီကိုဖုန်းဆက်တယ် ပိုက်ဆံနဲ့လာရွေးပါတဲ့”
“ငါပိုင်ဆိုင်တာတွေနဲ့ အဲဒီကောင် ပိုင်ဆိုင်တာတွေကို သင်္ဘောဆိပ်ကမ်းမှာ လာပေးပါတဲ့လေ”
“အဲဒါဆို ဘယ်လိုရှေ့ဆက်လုပ်မှာလဲ ကျွန်မ ရဲတွေကိုတော့ အကြောင်းကြားပြီးပြီ”
“ဟေ့လူကြီး ခင်ဗျားကြောင့်မို့ ဒီလိုဖြစ်ရတာ ကျုပ်မိန်းမ တစ်ခုခုဖြစ်သွားလို့ကတော့ ကျုပ်နဲ့ ခင်ဗျားနဲ့ တွေ့မယ်”
ဇိုင်း ဆက်လက်နားမထောင်နိုင်တော့ဘဲ ဖုန်းကိုဆွဲယူ၍ ပြောလိုက်ခြင်းဖြစ်သည်…
“ဟေ့ကောင် မင်းစကားပြောတာဆင်ခြင် ဘယ်သူကကိုယ့်သားသမီးကို ဒီလိုဖြစ်စေချင်မှာလဲ”
“ခင်ဗျားရဲ့ သဘောမတူနိုင်တဲ့ အတ္တကြောင့်ဖြစ်ရတာလေ ခင်ဗျားကြီး အတ္တကြီးလို့ စောက်ရေးမပါတဲ့ အတ္တတွေ”
“ဘာကွ မင်း..မင်း..မင်း အခုဘယ်မှာလဲ မင်းကို ငါအရင်လာသတ်မယ်”
“အစ်ကိုကြီးရယ် သူလည်းဒေါသအလျောက်ပြောမိတာပါ အခုချိန်မှာ ဒါတွေကို မပြောပါနဲ့တော့ ဘယ်လိုဆက်လုပ်ကြမလဲ”
“အဲဒီခွေးသား မိုက်တန်က ပိုင်ဆိုင်မှုတွေယူခဲ့တဲ့ ငါကိုယ်တိုင်သွားမယ်…နေရာကိုမက်ဆေ့ပို့လိုက်မယ်”
“ဟာ အစ်ကိုကြီးမသွားရပါဘူး…စိတ်မချဘူး”
“ကျုပ်သွားမယ် ကျုပ်မိန်းမကို ကိုယ်တိုင်သွားကယ်မယ်”
“မင်းရဲ့ ပိုင်ဆိုင်မှုတွေရောပါတယ်နော် မင်းကပေးရဲပါ့မလား”
“ကျုပ်မိန်းမအတွက်ဆို ပစ္စည်းဆိုတာ လာမပြောနဲ့ အသက်တောင်ပေးဖို့အဆင့်သင့်ပဲ ခင်ဗျားကြီး လာမှာသာလာခဲ့”
YOU ARE READING
Darkness To Light(Completed)
Romanceမှောင်ရီပျိုးမှ အလင်းရောင်၏တန်ဖိုးကို သိနိုင်၏.... ထိုအတူပဲ ကျွန်တော်တေဇိုင်းသည်လည်း သူမနဲ့ဝေးကွာပြီးနောက် နက်ရှိုင်းစွာရင်ထဲခံစားလာရတာက အချစ်စစ်တစ်ခု....ထိုအချစ်ကို လှပစွာပုံဖော်ဖိုရာ၌ သူမက ထွက်သွားခဲ့ပြီဖြစ်သည်။ Novels by QUEEN