🩸အခန်း ( ၂၅ )🩸
ခန်းမထဲကိုရောက်သောအခါ ပွဲစီစဉ်သူတွေက ထိုင်ခုံနေရာလိုက်ပြပေး၍ ကလေးနှစ်ယောက်လက်ကိုဆွဲပြီး လိုက်လာခဲ့သည်။
“ဟော မဏိလေးရောက်လာပြီလား ကိုကြီးကမျှော်နေတာလည်ပင်းတောင် ခန်းမအပြင်ဘက်ရောက်တော့မယ် ဟဲ … ဟဲ”
မျက်နှာကြီးကလည်း နှာဗူးရုပ်နဲ့ အမြင်ကပ်စရာတော်တော်ကောင်းလိုက်သည့်ရုပ်
“အဟွန်း ဟုတ်တယ် ကလေးတွေနဲ့ဆိုတော့ နည်းနည်းကြာသွားတယ်…သား နဲ့ သမီးက ဒီခုံပေါ်မှာထိုင်နော် မာမီ လုပ်ငန်းကိစ္စပြောလိုက်အုံးမယ်”
ကလေးတွေကို ဘေးမှာထား၍ မဏိ ထိုလူကြီးနားက ခုံမှာပဲ ထိုင်လိုက်သည်။
“ကလေးတွေကို အိမ်မှာတော့ မထားခဲ့ဘူး ကိုကြီးက မဏိလေး အလုပ်ရှုပ်နေမှာဆိုးလို့ပြောတာပါ”
“အင်း ဟုတ်တယ် ခနလေးပဲဆိုတော့ ခေါ်လာခဲ့လိုက်တာ လုပ်ငန်းအတွက်အနှောက်အယှက်မဖြစ်စေရပါဘူး စိတ်ချပါ”
“ဒယ်ဒီကပြောလိုက်မယ်လို့ထင်ပါတယ် အခုလေလံဆွဲရမဲ့ မြေအခြေအနေကို ပြောပြပေးဖို့”
“အင်း ဒီမှာ ဖိုင်လိုက်ယူခဲ့တယ် နည်းနည်းပါးပါးကြည့်လိုက်လေ ကိုကြီးလိုအပ်တာလေးပြောပြမယ်”
သူထိုးပေးလာသော ဖိုင်အပြာထဲက စာရွက်လေးတွေကိုကြည်၍ မဏိဖတ်ကာ မြေအခြေအနေနှင့် ဘယ်လိုမျိုး အရေးပါသလဲ ဒီအချက်ကို ရှာဖွေနေရသည်။ လေလံဆွဲမဲ့သူကလည်း အများကြီးဆိုတော့ ပွဲက ကြပ်သည့်သဘောပင် တော်တော်အချက်ချာကျသည့် နေရာမို့ဖြစ်မည်ထင်သည်။
///////////////////////////////
မဏိတို့က လျှောက်လမ်းရဲ ဘယ်ဘက်မှာထိုင်ရကာ ဇိုင်းတို့က ညာဘက်မှာထိုင်ရသည်။
တက်နိုင်သမျှအကြည့်လွှဲထားပေမဲ့ မျက်လုံးတွေက သူ့မဆီသို့သာရောက်ရောက်သွားသည်။
“ဟေ့ကောင် ဇိုင်း မဏိနဲ့ပါလာတဲ့ ကလေးလေးက မင်းနဲ့တူတယ်ကွ ငါက ပထမဆုံးမြင်မြင်ချင်းမင်းရဲ့သားလို့တောင် ထင်လိုက်တာ ဂျစ်ပေကပ်လေး ဟီးးဟီးး”
YOU ARE READING
Darkness To Light(Completed)
Romantikမှောင်ရီပျိုးမှ အလင်းရောင်၏တန်ဖိုးကို သိနိုင်၏.... ထိုအတူပဲ ကျွန်တော်တေဇိုင်းသည်လည်း သူမနဲ့ဝေးကွာပြီးနောက် နက်ရှိုင်းစွာရင်ထဲခံစားလာရတာက အချစ်စစ်တစ်ခု....ထိုအချစ်ကို လှပစွာပုံဖော်ဖိုရာ၌ သူမက ထွက်သွားခဲ့ပြီဖြစ်သည်။ Novels by QUEEN